Connect with us

Europe

အီတလီတွင် မီးတောင်ပေါက်ကွဲမှု နောက်ဆက်တွဲ ငလျင်ကြောင့် လူ ၂၈ဦး ဒဏ်ရာရရှိ၊ လူ ၆၀၀ နေရာရွှေ့ပြောင်းပေးခဲ့ရ

အီတလီနိုင်ငံ Sicily ဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် ကျန်ရစ်ခဲ့သည့် အပျက်အစီးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရောမ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ Sicily ဒေသတွင် ဒီဇင်ဘာ ၂၆ ရက် မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော ငလျင်ကြောင့် လူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီတလီအာဏာပိုင်များကပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ရစ်ချ်တာစကေး ၄.၈ပမာဏရှိ ငလျင်တစ်ခု သည် မြေပြင်အနက် တစ်ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၃း၁၉နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း အီတလီနိုင်ငံ အမျိုးသား ဘူမိရူပ နှင့် မီးတောင်ဆိုင်ရာ အဖွဲ့အစည်း (INGV) ကထုတ်ပြန်ခဲ့သည်။

ငလျင်ဗဟိုချက်သည် Sicily ဒေသ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Catania မြို့ မြောက်ဘက် ကီလိုမီတာအနည်းငယ် ကို ဗဟိုပြုခဲ့ခြင်းဖြစ်ပြီး ယင်းမြို့၌ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အဓိက ငလျင်လှုပ်ခတ်အပြီး နောက်ဆက်တွဲငလျင်ငယ် ၁,၀၀၀ခန့် လှုပ်ခတ်ခဲ့သော်လည်း အများစုကို လူအများက သတိမထားမိကြောင်း INGV ကပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ ၂၈ဦးအနက် အနည်းဆုံး ၁၀ဦးမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးထားကာ အခြေအနေကောင်းမွန်ကြောင်း Ansa သတင်းဌာနကဖော်ပြခဲ့သည်။

ကြိုတင်ကာကွယ်သည့်အနေဖြင် လူ ၆၀၀ခန့်ကို ဒီဇင်ဘာ ၂၆ ရက်တွင် ၎င်းတို့၏ နေအိမ်များမှ နေရာရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။

Sicily ဒေသ အရှေ့ဘက်ခြမ်းတွင် တည်ရှိသော Etna မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၃၅၀ မီတာတွင် တည်ရှိပြီး ဥရောပတိုက်၏ အကြီးဆုံး နှင့် အရှည်ဆုံးမီးတောင်တစ်ခု ဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် လှုပ်ရှားမှုအရှိဆုံးမီးတောင်များအနက်တစ်ခုဖြစ်ကြောင်း INGV၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.