Connect with us

Asia

အိန္ဒိယ နိုင်ငံ၌ လူနေအိမ် ပြိုကျမှုကြောင့် ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိ

အိန္ဒိယ နိုင်ငံ၌ ဧပြီလ အတွင်း ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘီဟာ(Bihar) ပြည်နယ်၌ ဒီဇင်ဘာ ၂၆ ရက်တွင် သက်တမ်း ကြာမြင့်နေသည့် နေအိမ် တစ်ခု၏ အစိတ်အပိုင်း ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

နေအိမ် ပြိုကျမှုသည် ဘီဟာပြည်နယ် မြို့တော် ပတ္တနား(Patna) တောင်ပိုင်းမှ ၄၇ ကီလိုမီတာ ကွာဝေးသည့် Jehanabad ခရိုင် Panchmahalla ဧရိယာ အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ပြိုကျပျက်စီးမှု ဖြစ်ပွားပြီးချိန် ခဏ အတွင်း အပျက်အစီးများ အောက်မှ သေဆုံးခဲ့သည့် ရုပ်အလောင်းများ နှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ၌ သက်တမ်း ကြာမြင့်နေသည့် နေအိမ်များ ပြိုကျပျက်စီးမှုကြောင့် လူသေဆုံးရသည့် မတော်တဆ ဖြစ်စဉ်များသည် မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆောက်အအုံ ကျွမ်းကျင် ပညာရှင်များက အိန္ဒိယ နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းတွင် အရည်အသွေး ညံ့ဖျင်းသော ပစ္စည်းများ အသုံးပြုခြင်း ၊ အရည်အချင်း မပြည့်သော ကြီးကြပ် ကွပ်ကဲမှု နှင့် ညံ့ဖျင်းသည့် လုံခြုံစိတ်ချရမှု အဆင့်အတန်း တို့အပြင် အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်း စည်းကမ်း များအား မထီမဲ့မြင် ပြုသော တာဝန်ရှိသူများ၏ ပေါ့လျော့မှု နှင့် လာဘ်စားမှုတို့ကြောင့် အဆောက်အအုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားရကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.