Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၇၉ ဧက ဖျက်ဆီး

ဘိန်းစိုက်ခင်းများဖျက်ဆီးနေစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၇၉ ဧက ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ဝရး၄၀နာရီ အချိန်မှ ၁၆း၄၅နာရီ အချိန်ထိ ဟိုပုံးမြို့နယ်၊ လိုက်ကန် ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့် အကွာ ခန့်မှန်း (အယ်လ်စီ-၂၃၀,၉၁၀)၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၇ ဧကအား ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ပင်လောင်းမြို့နယ်၊ ထီတလီကျေးရွာ၊ လူဖတ်ခြမ်းကျေးရွာနှင့် ဝါးပြုံးကျေးရွာတို့၌ ဘိန်းစိုက် ခင်း ၃၅ ဧကအား လည်းကောင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာ၌ ဘိန်းစိုက်ခင်း ၁၇ ဧကအား ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.