ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့)တွင်စတင်ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ယနေ့သတင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရာမာလာ ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ လုံခြုံရေး တပ်ဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်၌ Hebron မြို့တွင် ပါလက်စတိုင်း နိုင်ငံသား ၁ ဦးအား ပစ်ခတ် သတ်ဖြတ်...
ဂါဇာ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ အာဏာပိုင်များက ဂါဇာကမ်းမြောင်ရှိ Rafah ဝင်ပေါက်ထွက်ပေါက် နှစ်ခုစလုံးကို သုံးရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ကြောင်း ကိုင်ရိုမြို့ရှိ ပါလက်စတိုင်းသံရုံး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအရှေ့၊ အင်းယားကန်ပေါင်ဘေးတွင် ယနေ့ နံနက် ၃နာရီခွဲခန့်တွင် ပြိုင်ကား တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ မီးလောင်ရာတွင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တို့ရောက်ရှိ လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း...
စင်ကာပူ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းသည် စင်ကာပူနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ချန်ဝမ်ကွမ်း ( Chang Wanquan) အား ဖေဖော်ဝါရီ ၇ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။