Connect with us

Africa & Middle East

အီရန်နိုင်ငံ တက္ကသိုလ်ကျောင်းဝန်းတစ်ခုတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၉ ဦး သေဆုံး

ယာဉ်လမ်းချော်တိမ်းမှောက်နေသည့် ဘတ်စ်ကား တစ်စင်းအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ တက္ကသိုလ်ကျောင်းဝင်းတစ်ခုတွင် ဒီဇင်ဘာ ၂၅ ရက်က ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ကျောင်းသားကျောင်းသူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ Islamic Azad University တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ယာဉ်တိမ်းမှောက်မှု ကြောင့် ကျောင်းသားကျောင်းသူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့်၎င်းတို့အနက် ၄ ဦး မှာ ဒဏ်ရာ ပြင်းထန်ကြောင်း အီရန်နိုင်ငံ IRNA သတင်းအေဂျင်စီက တီဟီရန် အရေးပေါ် ကယ်ဆယ်ရေး စင်တာ၏သတင်းကို ကိုးကားဖော်ပြထားသည်။လက်ရှိတွင် အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ အချို့မီဒီယာများက ဘတ်စ်ကားယာဉ်မောင်း နှလုံးရောဂါ ရုတ်တရက်ဖြစ်ပွားမှုကြောင့် ယာဉ်အရှိန်

မထိန်းနိုင်ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။လမ်းအခြေအနေဆိုးဝါးခြင်း၊ ယာဉ်မောင်းများက ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာမှုမရှိခြင်း များကြောင့် အီရန်တွင် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိရာ နှစ်စဉ် ယာဉ်မတော်တဆ မှုကြောင့် လူအမြောက်အမြား သေဆုံးခဲ့ကြောင်း သိရသည်။ ယခုနှစ်ပိုင်းများတွင် အီရန်အစိုးရက သက်ဆိုင် စည်းမျဉ်းဥပဒေများကို ပြင်ဆင်ရေးဆွဲခဲ့ရာ ယာဉ်အန္တရာယ်ကင်းရှင်းမှုများ တိုးမြင့်လာ ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117