Connect with us

Social

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ထောက်ပံ့

နေရပ်စွန်ခွာတိမ်းရှောင်သူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်နေစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ နေရပ်စွန်ခွာတိမ်းရှောင်သူများအား ဒီဇင်ဘာ ၂၅ရက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာ တောင် မင်းကျောင်း တိုက်တွင် နေရပ်စွန့်ခွာတိမ်းရှောင်သူ အိမ်ထောင်စု ၁၆၈ စု၊ လူဦးရေ စုစုပေါင်း ၆၉၃ ဦးရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု ၁၆၈ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ဝဝဝဝ စီ ကိုလည်းကောင်း၊ ကန်စောက်ကျေးရွာ ကန်စောက် ဘုန်းတော်ကြီးကျောင်းတိုက်တွင် နေရပ်စွန့်ခွာတိမ်းရှောင်သူ အိမ်ထောင်စု ၁၄၄ စု၊ လူဦးရေ စုစုပေါင်း ၄၃ဝ ရှိပြီး ပြည်နယ် ဝန်ကြီးချုပ်က အိမ်ထောင်စု ၁၄၄ စုအတွက် အိမ်ထောင်စုတစ်စု လျှင် ငွေကျပ် ၅ဝဝဝဝ စီ ကိုလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်ရှိ တောင်မင်းကုလားကျေးရွာနှင့် ကန်စောက်ကျေးရွာ တို့ရှိနေရပ်စွန့်ခွာ တိမ်းရှောင်သူ အိမ်ထောင် စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း များဖြစ်သည့် အမျိုးသား ဝတ်ပုဆိုး၊ အမျိုးသမီးဝတ်လုံချည်၊ မျက်နှာသုတ်ပဝါနှင့် တီရှပ်အင်္ကျီများထောက်ပံ့ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိုးကာစ၊ စောင်၊ ဆေးစိမ်ခြင်ထောင်၊ အမျိုးသားဝတ်ပုဆိုး၊ အမျိုးသမီးဝတ် လုံချည်၊ ကျောင်းသားဝတ်အင်္ကျီ၊ ကျောင်းသားဝတ်ဘောင်းဘီ၊ ကျောင်းသူ ဝတ် အင်္ကျီ၊ ကျောင်းသူဝတ်စကတ်၊ ကျောင်းသူဝတ် ဘောင်းဘီ၊ နိုင်လွန်ကြိုး၊ တူ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ပလတ်စတစ်ပုံးများ ပါဝင်သော ပုံးတစ်ပုံးစီနှင့် သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာ သုတ်ပဝါ၊ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ် လျှော်ဆပ်ပြာ၊ အိမ်သာ သုံးစက္ကူ၊ ဆပ်ပြာမှုန့်၊ သောက်ရေခွက်၊ ဘီးနှင့် စက္ကူဘူး တို့ပါဝင်သော ပုံးတစ်ပုံးစီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နယ်မြေ လုံခြုံရေး အခြေအနေကြောင့် မိမိတို့ ရပ်ရွာများ၊ အိုးအိမ် များနှင့် အလုပ်အကိုင်များကို စွန့်ခွာပြီး ယခုကဲ့သို့ လာရောက် နေထိုင်ကြ ရသည့် အတွက် မိမိတို့ရပ်ရွာများတွင် တည်တည် ငြိမ်ငြိမ်အေးအေး ချမ်းချမ်းဖြင့် နေထိုင်စားသောက်လုပ်ကိုင် နိုင်စေရေး၊ တည်ငြိမ်အေး ချမ်းမှု အမြန်ဆုံးရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.