ရီချန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရီချန်ဒေသတွင် နိုင်ငံတကာ စကိတ်လျှောစီးပြိုင်ပွဲကို ကျင်းပခဲ့သည်။ တောင်ပတ်လမ်းတစ်လျှောက် အရှိန်ဖြင့် စကိတ်ကိုလျှောစီးပြိုင်ပွဲကို ဝါသနာရှင်များစွာကလာရောက်အားပေးကြည့်ရှုခဲ့ကြသည်။ စကိတ်အရှိန်မှာ တစ်နာရီလျင် ကီလိုမီတာ ၁၃ဝ အထိ ရှိ သည်။ ရင်သပ်ရှုမောဖွယ် စကိတ်လျှောစီးပြိုင်ပွဲကိုေ အာက်ပါvideo ထဲတွင်မြင်တွေ့နိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များရှိ ဘောလုံးအကယ်ဒမီများတွင် တက်ရောက်ခွင့် ရရှိမည့် မျိုးဆက်သစ် ကစားသမားရွေးချယ်ရေး အစီအစဉ်များကို မြို့ပေါင်း ၅၅ မြို့တွင် သွားရောက် ရွေးချယ်ခဲ့ရာ ရွေးချယ်ခံရသော ပဏာမ စာရင်းအားမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှထုတ်ပြန်လိုက်သည်။
ကင်ညာ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီ-မွန်ဘာဆာ အဝေးပြေးလမ်းမပေါ်တွင် ဧပြီ ၂၅ ရက် အစောပိုင်းက ဆီတင်ကားတစ်စီး နှင့် ခရီးသည်တင် ဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့မှုကြောင့် လူ ၂၇ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kurram Agency ပိုင်နယ်မြေတွင် ခရီးသည်တင် ဗင်ကား တစ်စီးသည် မြေမြှုပ်မိုင်းအား ဖြတ်မိကာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းတင်ပြထားသည်။
ဘူဒါပက် ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” အား ဧပြီလ ၂၄ ရက်နေ့တွင် ဟန်ဂေရီ နိုင်ငံ ၏ မြို့တော် ဘူဒါပက်...