Connect with us

North America

ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်သို့တပ်ဖွဲ့ဝင် ၁၅,ဝဝဝ စေလွှတ်မည်ဟု ပြောကြား

အမေရိကန်နိုင်ငံသို့ ဦးတည်ထွက်ခွာလာနေသော ကာရေဗီယံဒေသရွှေ့ ပြောင်းနေထိုင်သူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ကာရေဗီယံဒေသ အမေရိကအလယ်ပိုင်း ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာခြင်းအား တားဆီးရန်အတွက် အမေရိကန်နိုင်ငံတောင်ပိုင်းရှိ မက္ကဆီကို နယ်စပ်သို့စစ်သား ၁၅,ဝဝဝ ဦးအထိ စေလွှတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတထရမ့်က အိမ်ဖြူတော်၌ သတင်းသမားများအားတွေ့ဆုံစဉ် နယ်စပ်၌ ချထားမည့်တပ်ဖွဲ့ဝင်အရေအတွက် နှင့်ပတ်သက်၍ “ စစ်သားပေါင်း ၁ဝ ယောက် ကနေ ၁၅,ဝဝဝ အထိ ဘယ်နေရာမဆို သွားရောက်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

သမ္မတက “ကျူးကျော်သူများ” ဟု အမည်တပ်ထားသည့် အမေရိကတိုက်အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများအား ရပ်တံ့စေရန် နှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန်အတွက် အမေရိကန်-မက္ကဆီကို နယ်စပ်သို့တပ်ဖွဲ့ဝင် ၅,၂ဝဝ ဦး စေလွှတ်သွားမည်ဖြစ်ကြောင်း ယခုရက်သတ္တပတ်အစောပိုင်းတွင် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသားအစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂,၁ဝဝ ဦးသည် နယ်စပ်၌ စောင့်ကြပ်လျက်ရှိသည်။ “ ကျွန်တော်တို့ပြင်ဆင်မှုတွေလုပ်နေပါတယ် ။ ကျွန်တော်တို့နိုင်ငံထဲကို သူတို့လာလို့မရပါဘူး” ဟုထရမ့်ကပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်သူများအတွက် ရွက်ဖျင်တဲ အိမ်ယာများ တည်ဆောက်ခြင်းဖြင့် ဖမ်းဆီးခြင်း နှင့် ပြန်လွှတ်ခြင်း ပြုလုပ်နေမှုများကိုလည်း အဆုံးသတ်သွားမည်ဟု ထရမ့်က ကတိပြုခဲ့သည်။

ကာရေဗီယံရွှေ့ပြောင်းနေထိုင်သူများ လူအုပ်စုကြီးသည် အမေရိကန်နယ်စပ်မှ ၁၆ဝဝ ကီလိုမီတာအကွာသို့နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.