Connect with us

Eastern Europe

ရုရှားအနောက်မြောက်ပိုင်းရှိ အစိုးရအဆောက်အဦ၌ လူငယ်တစ်ဦး အသေခံဗုံးခွဲ ၊ အရာရှိ ၃ ဦးဒဏ်ရာရ

ရုရှားနိုင်ငံ Arkhangelsk မြို့ ၌ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း မြို့တော် Arkhangelsk မြို့၌ ရုရှားပြည်ထောင်စုလုံခြုံရေးဌာန(FSB) အတွင်း အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် လူငယ်တစ်ဦးက အသေခံဗုံးခွဲမှုပြုလုပ်ခဲ့ရာ ၎င်းကိုယ်တိုင်သေဆုံးပြီး အခြား FSB အရာရှိ သုံး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရုရှားနိုင်ငံ ထောက်လှမ်းရေးကော်မတီက ဆိုသည်။

“ ကနဦးသတင်းအချက်အလက်များအရ အသက် ၁၇ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦးသည် ဗုံးများတပ်ဆင်ကာ အဆိုပါ အဆောက်အဦထဲဝင်ရောက်ပြီး ပြန်အထွက်တွင် ဖောက်ခွဲမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း” ကော်မတီ၏အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၎င်းအမျိုးသားအနေဖြင့် မည်သည့်အတွက်ကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အစီရင်ခံစာကဆိုသည်။

ယင်းဖြစ်စဉ်အား အကြမ်းဖက်တိုက်ခိုက်မှု နှင့် တရားမဝင် လက်နက်ခဲယမ်းကိုင်ဆောင်မှုတစ်ခုအဖြစ် ကော်မတီက ရာဇဝတ်မှုဖြင့် အမှုဖွင့်ထားသည်။

Arkhangelsk ဒေသအုပ်ချုပ်ရေးမှူး Igor Orlov က သီးခြားအစီရင်ခံစာတစ်စောင်တွင် ပြောကြားရာ၌ ဒေသဆိုင်ရာအစိုးရအနေဖြင့် လုံခြုံရေးကို ဆောင်ရွက်ရန် အရပ်ဖက် နှင့် အစိုးရ အဖွဲ့အစည်းများက တက်နိုင်သမျှ အားလုံးလုပ်ဆောင်နေကြောင်း ဆိုသည်။

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အား ပေါက်ကွဲမှုအကြောင်းကို သတင်းပေးပို့ထားကြောင်း ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.