ကျဲ့ကျန်း၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးရှန်းတွင် ၅ဝဝ ကီလိုဗို့အားရှိ လျှပ်စစ်ဓါတ်အားပေးစီမံကိန်း မှ တစ်ဆင့် မကြာမီ ကျိုးရှန်းမြို့တစ်မြို့လုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။ ထိုလျှပ်စစ်ဓါတ်အားပေးစီမံကိန်းအတွက် ၃၈ဝ မီတာအရှည်ရှိသည့် လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်နှစ်ခု မှာ ကမ္ဘာ့အမြင့်ဆုံးတာဝါတိုင်များဖြစ်လာသည်။ ၎င်းစီမံကိန်းတွင် ကျွန်းနှစ်ကျွန်းအကြား အကွာအဝေး ၂၆၅၆ မီတာကိုဓါတ်အားပေးကြိုးများဖြင့်သွယ်တန်းရပြီး...
တိုကျို၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆောက်လက်စအဆောက်အဦတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီးသတ်သမားများက ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ဟနွိုင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဗီယက်နမ် နိုင်ငံတကာ ခရီးသွားပွဲတော်အား မတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသပေါင်း ၂၅ ခုမှ ခရီးသွားကုမ္ပဏီများစွာ ပါဝင်ကြမည် ဖြစ်ကြောင်း ဗီယက်နမ် ခရီးသွားလုပ်ငန်းအသင်းက...
ရှီးချန်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အတွင်းရှိ ရှီးချန်း ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ Zhongxing-2D ဂြိုဟ်တုကို Long March-3B ဒုံးပျံဖြင့် သယ်ဆောင်လာကာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁နာရီ ၁၁ မိနစ်တွင် အာကာသထဲသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ် (Hamdullah Mohib) နှင့် ဇန်နဝါရီလ ၁၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။