ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး အသုံးစရိတ်များလျာထားမှုများအား ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း အဖွဲ့များ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး၌ ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ငွေကျပ် ၉၃၆ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၂၀သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်က ရေလွှမ်းမိုးမှုဖြစ်ပွားစဉ် မွေးမြူရေးခြံတစ်ခုမှ လွတ်သွားသော မိကျောင်းများ၏ အကောင်ပေါက်များဖြစ်နိုင်သော မိကျောင်း နှစ်ကောင်အား တောလိုက်အဖွဲ့တစ်ဖွဲ့မှ ဖမ်းမိခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက် သတင်းများအရ သိရသည်။