တိုကျို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ပိုင်း အာအိုမိုရိစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က နိုဝင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် Bethesda ရှိ စစ်ဆေးရုံတစ်ခု၌ သေနတ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။
မက်ဒရစ် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် အစဉ်အလာချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် သုံးရက်ကြာ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် စပိန်နိုင်ငံသို့ရောက်ရှိလာခဲ့သည်။
ရန်ကုန်၊နိုဝင်ဘာ ၂၇ရက် (ဆင်ဟွာ) မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Cessna Grand Caravan XY-AMB လေယာဉ်သည်ယနေ့နံနက်က ရှေ့ဘီးကျိုးမှုဖြစ်ပွားခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်သောသတင်းအရ သိရသည်။
ဟန်ကျိုး၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးတွင် ကျင်းပနေသော လယ်ယာစိုက်ပျိုးရေးပြပွဲ တစ်ခု၌ နှစ်ပေါင်း ၂၀ ကြာ အေးခဲသိုလှောင်ထားသော သန္ဓေသားမှ မွေးဖွားထားသည့် သိုးအမွှာနှစ်ကောင်အား ပြသခဲ့ကြောင်း သိရသည်။