Connect with us

Politics, Law & Military

မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး အသုံးစရိတ်များလျာထားမှုများ ဆွေးနွေး

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး အသုံးစရိတ်များလျာထားမှုများအား ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း အဖွဲ့များ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး၌ ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေး၌ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး အသုံးစရိတ်များလျာထားမှု၊ ခရီးသွား မြှင့်တင်ရေးအစီအစဉ်များ၊ ကုန်ကျ စရိတ်များနှင့် လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများကို လည်းကောင်း၊Digital Marketing Committee က Digital Marketing Strategic Framework ရေးဆွဲရေးဆိုင်ရာများ ကို လည်းကောင်း၊ ဝန်ကြီးဌာန၏ ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ခရီးသွားမြှင့်တင်ရေး အသုံးစရိတ် များ သုံးစွဲရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လည်းကောင်း ဆွေးနွေးကြကြောင်း သိရသည်။

ယင်း အစည်းအဝေးသည်ဝန်ကြီးဌာနဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ ခရီး သွားမြှင့်တင်ရေးကို မြန်မာ-ဂျပန်ခရီး သွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း အဖွဲ့၊ မြန်မာ-ကိုရီးယား ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ-အာဆီယံ ခရီးသွားလုပ်ငန်းမြှင့်တင် ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ-ဥရောပ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း အဖွဲ့၊ ပြည်တွင်းခရီးစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ Digital Marketing Committee ဟူ၍ ဈေးကွက်အလိုက် ဦးတည်ချက်ထား ပြီး ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး ကြရန် ပြုလုပ်သည့် တတိယအကြိမ် အစည်းအဝေးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ခရီး သွားလုပ်ငန်းမြှင့်တင်ရေး အသုံးစရိတ် ခွင့်ပြုထားပြီးဖြစ်သည့်အတွက် ဝန်ကြီး ဌာနမှ လုပ်ငန်းစီမံချက်နှင့် အသုံး စရိတ် လျာထားချက်များကို လုပ်ငန်း အဖွဲ့အလိုက် မိမိတို့ဆောင်ရွက်မည့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်များ နှင့် ကုန်ကျစရိတ်များကို ပေးပို့ရန်နှင့် ရရှိပြီးစာရင်းများကို ပြန်လည်သုံးသပ် ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်း အဖွဲ့အလိုက် ဆောင်ရွက်မည့်အစီ အစဉ်များကို တစ်ဖွဲ့ချင်းစိစစ်ပြီး ခရီးသွားမြှင့်တင်ရေး အသုံးစရိတ်များ ကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ အကျိုးရှိအောင် သုံးစွဲ ရေး၊ လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ရေး၊ ခရီးသွား မြှင့်တင်ရေးအစီအစဉ်များအား အကျိုး ရှိ ထိရောက်စေရန်နှင့် သတ်မှတ်ချိန် များတွင် ပြီးစီးအောင် အလေးထား ဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ခရီးသွားဈေးကွက်အလိုက် ဖွဲ့စည်း ထားသော လုပ်ငန်းအဖွဲ့အသီးသီး အနေဖြင့် မိမိတို့ဦးတည်ထားသော ဈေးကွက်ကို ထိရောက်စွာထိုးဖောက် ဆောင်ရွက်နိုင်ရေးအတွက် အမှန် တကယ်လိုအပ်ချက်များအလိုက် အသုံး စရိတ်များကို အကျိုးရှိအောင် သုံးစွဲ ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.