Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများ ဖမ်းမိ

ထိုင်းနိုင်ငံရှိ မိကျောင်းမွေးမြူရေးစခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်က ရေလွှမ်းမိုးမှုဖြစ်ပွားစဉ် မွေးမြူရေးခြံတစ်ခုမှ လွတ်သွားသော မိကျောင်းများ၏ အကောင်ပေါက်များဖြစ်နိုင်သော မိကျောင်း နှစ်ကောင်အား တောလိုက်အဖွဲ့တစ်ဖွဲ့မှ ဖမ်းမိခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက် သတင်းများအရ သိရသည်။

အဆိုပါ အဖွဲ့သည် နှစ်ရက်ကြာ ရှာဖွေခဲ့ပြီးနောက် အောက်တိုဘာလ ၁၉ ရက်ညပိုင်းတွင် မိကျောင်းအထီး တစ်ကောင်အား ရှာတွေ့ခဲ့သည်။ ၁.၅ မီတာရှည်လျားသော မိကျောင်းအား ၎င်း၏လည်ပင်းကို ကြိုးကွင်းပစ်၍ ဖမ်းကာ ကုန်းပေါ်သို့ ဆွဲယူခဲ့ကြောင်း၊ တောလိုက်အဖွဲ့က ယင်းနေရာအား ရှင်းလင်းနေစဉ် နောက်ထပ် မိကျောင်းတစ်ကောင်အား အံ့သြဖွယ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် မိကျောင်းမှာ အမဖြစ်ပြီး ထိုနေရာ၌ပင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ မိကျောင်းနှစ်ကောင်မှာ အသက် ၂ နှစ်မှ ၃ နှစ်ခန့်ရှိနိုင်ကြောင်း သိရသည်။ယင်း မိကျောင်းနှစ်ကောင်လုံးမှာ မျိုးပွားနိုင်သည့်အရွယ်မဟုတ်သည်မှာ ကံကောင်းလှကြောင်း တာဝန်ရှိသူများက ဆိုသည်။ (Xinhua)