ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့၏ အနောက်- အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ဒီဇင်ဘာ ၃ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
နင်ရှီ ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်သျှဟူ( Ningxia Hui) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Yinchuan မြို့တွင် ခရီးသွားပြည်သူများ သွားလာမှုများပြားသည့် နေရာများ၌ အများသုံး အိမ်သာ အလုံးပေါင်း ၄၈၁ လုံးကို အသစ်တပ်ဆင်ခြင်း (သို့မဟုတ်) ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မူဆယ် မြို့နယ် နမ့်ပေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၂၆၅/၄-၅)ကြား နမ့်ပေါ် တံတား ကုန်းဆင်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကမ်းရိုးတန်းအလွန်၌ ယနေ့တွင် တောင်ကိုရီးယားငါးဖမ်းလှေတစ်စီး နှင့် ဆီတင်သင်္ဘောတစ်စီးတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၃ဦးသေဆုံးကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိ လာနိုင်သည်ဟု ခန့်မှန်း ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း...