Connect with us

Africa & Middle East

အီရန် စစ်ရေးပြပွဲ တိုက်ခိုက်ခံရမှု နှင့် ဆက်စပ်နေသူ ၂၂ဦးအား ဖမ်းဆီး

အီရန်နိုင်ငံ စစ်ရေးပြပွဲတိုက်ခိုက်ခံရမှုအားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တောင်ပိုင်း Ahvaz မြို့ တွင် စက်တင်ဘာ ၂၂ရက်က ပြုလုပ်ခဲ့သောစစ်ရေးပြပွဲတစ်ခု တိုက်ခိုက်ခံရမှု နှင့် ပတ်သက်နေသော လူ ၂၂ဦးကို အီရန်နိုင်ငံ စုံစမ်းထောက်လှမ်းရေးဝန်ကြီးဌာနက ဖမ်းဆီးခဲ့ကြောင်း Tehran Times သတင်းက စက်တင်ဘာ ၂၅ ရက်တွင်ဖော်ပြခဲ့သည်။

တိုက်ခိုက်မှု တွင် ပါဝင်ခဲ့သည့် လူများထံမှ လက်နက်များ၊ အထူးပြုလုပ်ထားသော ပစ္စည်းများ နှင့် ဆက်သွယ်ရေး စက်ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း၌ပါရှိသည်။

ဖမ်းဆီးမှု နှင့် ပတ်သက်၍ (သို့) သံသယရှိသူများ၏ ကိုယ်ရေးအချက်အလက်များကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

၁၉၈၀-၁၉၈၈ ခုနှစ် တွင် ဖြစ်ပွားခဲ့သော အီရန်-အီရတ် စစ်ပွဲ အထိမ်းအမှတ်အဖြစ် Ahvaz မြို့တွင် စက်တင်ဘာ ၂၂ရက် နံနက်ပိုင်းတွင် ပြုလုပ်သော စစ်ရေးပြပွဲ ၌ အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဝတ်စုံဝတ်ဆင်ထားသော သေနတ်သမား ၄ဦး က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၅ဦးသေဆုံးခဲ့ပြီး အခြားလူ အယောက် ၆၀ ဒဏ်ရာရရှိခဲ့ကာ သေဆုံးဒဏ်ရာရရှိသူများတွင် စစ်သားများ နှင့် အရပ်သားများပါဝင်ကြောင်း သိရသည်။

အချို့သော မီဒီယာများ က တိုက်ခိုက်သူ အရေအတွက်အား ၅ဦးအဖြစ် စက်တင်ဘာ ၂၅ရက်တွင်ဖော်ပြခဲ့ပြီး ၎င်းတို့အနက် ၂ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံသည် ယင်းတိုက်ခိုက်မှု နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ နှင့် ဒေသတွင်းရှိ ၎င်း၏ မဟာမိတ်များအား စွပ်စွဲပြစ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.