Connect with us

Europe

လန်ဒန်မြို့တွင် ရှူးဖိနပ်ဘူးများ မှ ကိုကင်း ၇၀ကီလိုဂရမ် နှင့် ငွေစက္ကူအမြောက်အများ ဖမ်းဆီးရမိ

လန်ဒန်မြို့ ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အရှေ့ပိုင်း တွင် ဗြိတိန်ရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှုတစ်ခုပြုလုပ်ခဲ့ရာ ရှူးဖိနပ်ဘူးများအတွင်း ထည့်ထားသည့် ကိုကင်း ၇၀ကီလိုဂရမ် နှင့် စတာလင်ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၁,၈၀၄) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှုနှိမ်နှင်းရေး အရာရှိများက စက်တင်ဘာ ၂၄ရက် ညပိုင်းတွင် Romford မြို့ရှိ လိပ်စာတစ်ခု သို့ ဝင်ရောက်စီးနင်းခဲ့ရာ မှောင်ခိုဈေးကွက်တွင် စတာလင်ပေါင် ၃.၅သန်း ပေါက်ဈေးရှိသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စုံထောက်များက သေနတ်တစ်လက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အသက် ၂၄နှစ်၊ ၂၇ နှစ် နှင့် ၅၃နှစ်အရွယ်ရှိ အမျိုးသား ၃ဦး၊ အသက် ၂၅ နှစ် နှင့် ၅၃နှစ်အရွယ် ရှိ အမျိုးသမီး ၂ဦးကို ကိုကင်းများ ထောက်ပံ့ရာတွင်ပူးပေါင်းကြံစည်ပါဝင်ခြင်း ၊ ရာဇဝတ်မှုဆိုင်ရာ ပစ္စည်းများအား လက်ဝယ်ပိုင်ဆိုင်ထားခြင်း၊ သေနတ်ခဲယမ်းများအား ကိုင်ဆောင်ထားခြင်း တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

၎င်းတို့ ၅ဦးစလုံးကို အရှေ့လန်ဒန်မြို့ ရဲစခန်းတွင် စက်တင်ဘာ ၂၅ရက်က စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.