Connect with us

Latin America

ပီရူး နိုင်ငံ တွင် ခရီးသည်ယာဉ် တစ်စင်း ချောက်ထဲကျ ခဲ့ရာ လူပေါင်း ၁၈ ဦး သေဆုံး ၊ ၁၅ ဦး ဒဏ်ရာရရှိ

ပီရူး နိုင်ငံ တွင် ခရီးသည်ယာဉ် တစ်စင်း ချောက်ထဲကျမှု ဖြစ်ပွား ခဲ့သည့် ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

လီမာ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပီရူး နိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ ဌာနချုပ် ၏ သတင်းထုတ်ပြန်ချက်အရ အဝေးပြေး ခရီးသည်တင်ယာဉ် တစ်စင်း က စက်တင်ဘာ ၂၄ ရက် ညနေပိုင်း အချိန်တွင် နိုင်ငံ အရှေ့တောင်ပိုင်း ဒေသ ၌ မီတာ ၂၀၀ အနက်ရှိသည့် ချောက်ထဲ ကျခဲ့ရာ လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အချင်းဖြစ်ပွားချိန်တွင် ခရီးသည်တင်ယာဉ် က ပီရူး နိုင်ငံ တောင်ပိုင်း Cusco မြို့ မှ Santo Tomás မြို့ သို့ မောင်းနှင်နေကြောင်း ၊ အခင်းဖြစ်ပွား သည့် ဒေသ က မြို့တော် လီမာ နှင့် ကီလိုမီတာ ပေါင်း ၁,၁၅၁ ကီလိုမီတာ ကွာဝေးသောကြောင့် လွန်စွာ ဝေးလံသဖြင့် ရဲတပ်ဖွဲ့ က ၂၅ ရက် နံနက်ပိုင်း အချိန် မှ သေဆုံးဒဏ်ရာရရှိသူ စာရင်း ကို အတည်ပြု နိုင်ခဲ့ကြောင်း သိရှိရသည်။

အချင်းဖြစ်ပွားမှု တွင် အသက်ရှင်ကျန်ရှိသူ တစ်ဦး က မီဒီယာများ အား ပြောကြားရာတွင် အချင်းဖြစ်ပွားသည့် လမ်းပိုင်း မှာ လမ်းအခြေအနေ လွန်စွာ ဆိုးရွားသော်လည်း ယာဉ်မောင်း မှ အရှိန်မြင့်မားစွာ မောင်းနှင်ခဲ့ကြောင်း ၊ ခရီးသည် တင်ယာဉ် မှာ ကုန်တင်ကား တစ်စင်း နှင့် တိုက်မိ၍ ချောက်ထဲ ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပီရူး နိုင်ငံ ပထဝီ အနေအထား မှာ လွန်စွာ ရှုပ်ထွေးပြီး ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.