ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် တောခုတ်ဓားကို ဗိုက်ပေါ်တင်ပြီး (ကွန်ဖူးအစွမ်း) စတန့်ပြသူတစ်ဦးကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ထိုစတန့်မှာ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း အလွန်အန္တရာယ်များသဖြင့် ကျွမ်းကျင်မှုမရှိပါက လိုက်လံတုပခြင်း မပြုရန်လည်း အထူးသတိပေးထားသည်။(Xinhua)
ဖူကျင့်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဖူကျင့်ပြည်နယ်၊ လျန်ချန်းစီရင်စုတွင် ရုပ်သေးပညာရှင်များက ကြိုးဖြင့်ဆွဲသည့် ရုပ်သေးရုပ်များဖြင့် ခြသေ့ၤအကဖြင့်ကပြဖျော်ဖြေခဲ့သည်။ ထို့အပြင် ရှေးခေတ်တရုတ်ရိုးရာပုံစံဖြင့်လည်းဖျော်ဖြေခဲ့ရာ ဆေးလိပ်သောက်သောရုပ်သေးရုပ်၊ တရုတ်စာရေးသောရုပ်သေးရုပ်များလည်းပါဝင်ခဲ့ရာလွန်စွာစိတ်ဝင်စားဖွယ်ကောင်းလှသည်။ ရုပ်သေးရုပ်များမှာ ၂ ကီလိုဂရမ်မှ ၅ ကီလိုဂရမ်အလေးချိန်ရှိကာ ဇာတ်ကောင်စရိုက်အမျိုးမျိုးကို သရုပ်ဖော်ကပြနိုင်စွမ်းရှိသည်။(Xinhua)
ပေါ်တူဂီ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ပေါ်တူဂီ Torres Vedras တွင် လူထောင်ပေါင်းများစွာပါဝင်ကာ ပေါ်တူဂီ၏ အကြီးဆုံး carnivalပွဲတော်ကြီးကိုကျင်းပခဲ့သည်။ ယခုနှစ် Carnival ပွဲတော်ကြီး၏ theme မှာ အရုပ်များနှင့်ကစားစရာများဖြစ်သည်။ပြည်တွင်းပြည်ပဧည့်သည်ပေါင်း ၄သိန်းခန့်အားဆွဲဆောင်နိုင်သည့် နှစ်စဉ်ကျင်းပသောပွဲတစ်ပွဲဖြစ်သည်။ (Xinhua)
ကွမ်တုံ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ် ကျူဟွေ့ရှိ Chimelong Ocean Kingdom တွင် နိုင်ငံ၏ ပထမဆုံးသော killer whale အမျိုးအစားဝေလငါး သားဖောက်စင်တာကိုဖွင့်လှစ်ခဲ့သည်။ လူသားများ၏ ဖမ်းဆီးသတ်ဖြတ်မှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် (killer whale) ဝေလငါးများအရေအတွက်မှာ တဖြေးဖြေးလျော့နည်းလာနေမှုကို ကာကွယ်ရန်အတွက် ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်။(Xinhua)
နေပြည်တော် ၊ မတ် ၁ ရက် (ဆင်ဟွာ) “ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း – တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဆွေပူးပေါင်းဆက်ဆံရေး၏ တွန်းအားသစ် ” ဟူသည့် ခေါင်းစဉ်ဖြင့် ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို မတ်လ ၁...