Connect with us

Politics, Law & Military

ကရင်ပြည်နယ်အတွင်းရှိ မြေဧက ၃၀၀ကျော် မူလတောင်သူ ၂၇ဦးထံ ပြန်လည်ပေးအပ်

ကရင်ပြည်နယ်အတွင်းရှိ စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီး မြို့နယ်၊ တောပြာကြီး ကျေးရွာအုပ်စုအတွင်းရှိ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ စုစုပေါင်းစွန့်လွှတ် မြေဧရိယာ (၃၃၂) ဧကကို မူလတောင်သူ (၂၇) ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အစည်းအဝေးခန်းမ၌ ကျင်းပသည့် စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်သောမြေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေယာကဏ္ဍသည် အခြေခံကျသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပြည့်စုံကြွယ်ဝအောင် အလေးထားဆောင်ရွက်ရာတွင်လည်း မြေယာကဏ္ဍသည် အရေးပါလျက်ရှိကြောင်း ဒုတိယ သမ္မတက ဆိုသည်။

နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ လူမှုစီးပွား ဖူလုံစေရေးအတွက် အရေးပါသည့် မြေယာများကို တောင်သူများ အတတ်နိုင်ဆုံး အသုံးချနိုင်စေရေးအတွက် စီမံကိန်းများတွင် အသုံးမပြုသည့်မြေများကို စိစစ်၍ ပြန်လည် စွန့်လွှတ်စေပြီး မူလပိုင်ရှင်ထံပြန်လည် ပေးအပ်စေခြင်းနှင့် မြေလွတ်မြေလပ်များကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ် လုပ်ကိုင်စေခြင်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.