Connect with us

Environment, Disasters & Accidents

ဆွာချောင်း ရေကြီးရေလျှံမှုကြောင့် မျောပါသွားသည့် လူနေအိမ် ၁၆၁ လုံးအား အခမဲ့တည်ဆောက်ပေးမည်

ဆွာချောင်းရေတမံ ရေထိန်းကျိုးပဲ့ပြီး ရေကြီးနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံပင်မရေပိုလွှဲ ကျိုးပေါက်မှုကြောင့် မျောပါသွားသည့် လူနေအိမ် ၁၆၁ လုံးအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ အခမဲ့တည်ဆောက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိ ရေနောက်မျောပါဆုံးရှုံးသွားခဲ့ရ သော လူနေအိမ် ၁၆၁ လုံးအတွက် အခမဲ့ တည်ဆောက်ပေးသွားမည်ဖြစ် သည့်အပြင် နေအိမ်များ ပြန်လည် တည်ဆောက်ပေးရာ၌ ကျေးရွာအလိုက် လူနေအိမ်များကို စနစ်ကျစွာ ဆောင်ရွက်ပေးမည်ဖြစ်ရာ မြေနေရာ အစားရရှိနိုင်ရေးနှင့် မိမိတို့ကျေးရွာများ အရောက် အိမ်ဆောက်ပစ္စည်းများ သယ်ဆောင်ရေးတို့ကို ဒေသခံများ အနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုပါ ကြောင်း မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်း(MCEA)ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ရေကြီးရေလျှံမှုကြောင့် ရေနောက် မျောပါသွားသည့် ဆွာမင်းလမ်းကျေးရွာရှိ လူနေအိမ် ၁၉ လုံးအတွက် တစုတစည်း တည်း တည်ဆောက်နိုင်ရန်လည်းကောင်း၊ လမ်းနှင့် ဈေးငယ်တစ်ခု တည်ဆောက် နိုင်ရေး နောင်တစ်ချိန်တွင် သဘာဝဘေး ဒဏ်တွေ့ကြုံရပါက ခိုလှုံနိုင်ရန် အဆောက်အုံတစ်လုံး တည်ဆောက်နိုင်ရန် တောင်သူ ခြောက်ဦး ပိုင်ဆိုင်သော မြေ ကိုးဧကအတွက် နစ်နာကြေး၊ မြေနေရာ အစားထိုးပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.