Connect with us

Africa & Middle East

Accra (ဂါနာ) မာရသွန်ပြိုင်ပွဲတွင် အသက် ၁၉ နှစ်အရွယ် Ishmael Arthur ဗိုလ်စွဲ

Accra (Ghana) Millennium Marathon မာရသွန်ပြိုင်ပွဲ မြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အက်ကရာ ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ဂါနာ ၂ဝ၁၈ ထောင်စုနှစ် မာရသွန်ပြေးပြိုင်ပွဲတွင် အသက် ၁၉ နှစ်အရွယ် အပြေးသမား Ishmael Arthur က အနိုင်ရ ဗိုလ်စွဲ ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲဝင် စုစုပေါင်း ၈ဝဝဝ ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည့် မာရသွန်ပြေးပွဲကို ဂါနာနိုင်ငံ ကြယ်နက်ရင်ပြင်(Black Star)တွင် စတင်တာလွှတ်ခဲ့ပြီး ယင်းနေရာ၌ပင် ပြန်လည်ပန်းဝင်ခဲ့ကြောင်း ၊ ကမ္ဘာ့နိုင်ငံများ နှင် ဒေသများ စုစုပေါင်း ၂၄ နေရာမှ အပြေးသမားများက ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များထဲတွင် ဂါနာနိုင်ငံ၏ နာမည်ကျော် လက်ဝှေ့သမား Azumah Nelson လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အက်ကရာ(Accra) မာရသွန်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့်အတွက် များစွာ စိတ်လှုပ်ရှားမိကြောင်း နှင့် ဒူဘိုင်းနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာ မိုင်လိုမာရသွန်ပြိုင်ပွဲအတွက်လည်း မျှော်လင့်ချက်များစွာရှိလာကြောင်း Arthur က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ ဒူဘိုင်းမာရသွန်အတွက် ကိုယ့်ကိုယ်ကို သေချာမှု ရှိအောင် လုပ်ဆောင်သွားမှာပါ။ ပြင်းပြင်းထန်ထန်လေ့ကျင့်ရမယ်။ လေ့ကျင့်ချိန်ကိုလည်း ထပ်တိုးရမယ်။ကွဲကွဲပြားပြား ဖြစ်အောင်လုပ်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Accra ပြိုင်ပွဲတွင် John Kudanu နှင့် Malik Yakubu တို့က ဒုတိယ နှင့် တတိယ နေရာများတွင် အသီးသီး ပန်းဝင်ခဲ့ကြသည်။ အဆိုပါမာရသွန်ပြိုင်ပွဲကို Millennium Marathon Sports Ltd ကကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)