ရန်ကုန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ အခြေအနေသည် လူငယ်လူရွယ်အုပ်စုတွင် အမြင့်မားဆုံး ဖြစ်ပြီး အသက် (၂ဝ-၂၄)အုပ်စုတွင် မြို့ပြလူဦးရေ (၁ဝ)ရာခိုင်နှုန်း ကျော်နှင့် ကျေးလက်လူဦးရေ (၈)ရာခိုင်နှုန်းတို့သည် အလုပ် လက်မဲ့များဖြစ်ကြကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော...
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
မက်ဒရစ် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရီးယဲလ်မက်ဒရစ် ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒို သည် အခွန်ငွေ ယူရို ၁၄.၇ သန်း ( အမေရိကန်ဒေါ်လာ ၁၆.၄ သန်း ) ပေးဆောင်ရန်ရှိနေကြောင်း စပိန်နိုင်ငံ အခွန်ဌာန အာဏာပိုင်များက ရော်နယ်ဒို၏ အခွန်ရှောင်မှုအပေါ်...
နေပြည်တော်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ပင်လယ်ကူး သင်္ဘောသားများအတွက် နိုင်ငံတကာအဆင့် ပြည့်စုံသည့် ရေကြောင်း အလုပ်သမား ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
မိုလ်ဆူးလ်၊ အီရတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနောက်ဘက်တွင် မြေမြှုပ်မိုင်း တစ်ခု ပေါက်ကွဲခဲ့ရာ ပြင်သစ် သတင်းစာဆရာ တစ်ဦးနှင့် အီရတ် ကာ့ဒစ်ရှ် သတင်းစာဆရာ တစ်ဦး သေဆုံးခဲ့ကြောင်း အီရတ် လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။