Connect with us

Africa & Middle East

အီဂျစ်တပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား ၂၀ အား ပစ်ခတ်ရှင်းလင်း

အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရက်များက ပြုလုပ်သည့် အကြမ်းဖက် ဆန့်ကျင်ရေးလှုပ်ရှားတွင် အနောက်သဲကန္တာရ ဒေသ နှင့် ဆိုင်းနိုင်း(Sinai) ကျွန်းဆွယ် မြောက်ပိုင်းဒေသများရှိ အကြမ်းဖက်သမား ၂၀ အား ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ ကြောင်း အီဂျစ်အစိုးရတပ်က သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အီဂျစ်အစိုးရတပ်ဖွဲ့က ဆိုင်းနိုင်း(Sinai) ကျွန်းဆွယ် မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများရှိ အကြမ်းဖက်သမား များ ပုန်းလျှိုရာနေရာစခန်း ၁၈ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားသူ ၁၈ ဦး အား ဖမ်းဆီးရရှိခဲ့ ကြောင်း၊ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း ၊ အကြမ်းဖက်သမား များနှင့်မှောင်ခိုသမားများအသုံးပြုသည့် မော်တော်ယာဉ် ၄၉ စီးကို လည်း ဖျက်ဆီးခဲ့ကြောင်း အီဂျစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ယခုနှစ်ပိုင်းများတွင် အီဂျစ်နိုင်ငံက အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းများတင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ Sinai ကျွန်းဆွယ်ဒေသရှိ အကြမ်းဖက်ဝါဒီများနှင့် အစွန်းရောက်ဝါဒီများ၏အင်အားကို ရှင်းလင်းရန် ယခုနှစ် ဖေဖော်ဝါရီလတွင် အီဂျစ်အစိုးရစစ်တပ်က “Sinai 2018”အကြမ်းဖက်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိဆိုရလျှင် အကြမ်းဖက်သမား ၄၀၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.