Connect with us

Education & Health

Dumex နို့မှုန့်နှင့်ပတ်သက်၍ စားသုံးသူပြည်သူများသို့ အသိပေးကြေညာချက်ထုတ်ပြန်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

Dumex နို့မှုန့်နှင့်ပတ်သက်၍ စားသုံးသူပြည်သူများသို့ အသိပေးကြေညာချက် အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

အသိပေးကြေညာချက်ထဲတွင် စင်္ကာပူနိုင်ငံတွင် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 (850 g) အမျိုးအစား Batch No- 09117R1 (Expired Date- 11 September 2019) နို့မှုန့်များ၌ ဘက်တီးရီးယားပိုး Cronobacter Sakazakii ပါဝင်သည်ဟူသော သတိပေးကြေညာချက်နှင့်ပတ် သက်၍ မြန်မာနိုင်ငံဈေးကွက်သို့ တင်သွင်းထားခြင်းရှိ/မရှိ စိစစ်မှုများပြုလုပ်ခဲ့ရာ တင်သွင်းထား ခြင်း မရှိကြောင်း ကနဦးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်လည်း ယင်း Batch No- 09117R1 (Expired Date- 11 September 2019) ပါနို့မှုန့်ကို ဈေးကွက်အတွင်း တနည်းနည်းဖြင့် ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် (၂၉-၈-၂၀၁၈)ရက်နေ့အထိ စစ် ဆေးမှုများအရ ဈေးကွက်တွင် ရောင်းချနေခြင်းမရှိကြောင်း အသိပေးကြေညာခဲ့သည်။

မြန်မာနိုင်ငံ သို့ တင်သွင်းရောင်းချနေသည့် အမျိုးအစားတူနို့မှုန့်များကိုလည်း ပုံမှန်စစ်ဆေးခြင်းအပြင် ထပ်မံ စစ်ဆေးခြင်းများပါဆောင်ရွက်လျက်ရှိပြီး စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထား အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

မိဘပြည်သူများအနေဖြင့်လည်း ယင်း Batch No- 09117R1 (Expired Date- 11 September 2019) ပါနို့မှုန့်ကို ဈေးကွက်အတွင်းတွေ့ရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော် (ဖုန်း- ၀၆၇၃-၄၀၃၀၅၀၊ ၀၆၇၃- ၄၀၃၆၀၉) သို့ သတင်းပေးပို့နိုင်ပါကြောင်း ထပ်ဆင့်အသိပေးမေတ္တာရပ်ခံအပ်ပါသည် ဟူ၍ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.