Connect with us

Environment, Disasters & Accidents

ပဲခူး တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၃၉ ကျောင်း ခေတ္တပိတ်ထား

မင်းလှ မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် စာသင်ကျောင်းများ ရေ၀င်ရောက်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)

ပဲခူး တိုင်းဒေသကြီး မင်းလှ ၊ အုတ်တွင်း ၊ အုတ်ဖို ၊ ဒိုက်ဦး မြို့နယ်များ အတွင်း မြစ်ချောင်းရေများ ဝင်ရောက်မှု ၊ မိုးရွာသွန်းမှုများကြောင့် စာသင်ကျောင်းများ အတွင်းသို့ရေဝင်ရောက်ကာ စာသင်ကျောင်း စုစုပေါင်း ၃၉ ကျောင်း ခေတ္တ ပိတ်ထားရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

မင်းလှ မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် အမှတ်(၆)ရပ်ကွက်ပါ ၂ ခုနှင့် သရက်တပင်ကျေးရွာတို့၌ ရေအနက် ၁/၁ ပေခွဲခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၄ ကျောင်း ခေတ္တပိတ်ထားကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ဇီးဖြူသောင်ကျေးရွာပါ ၂၇ ရွာတို့၌ ရေအနက် ၁/၂ ပေခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၂၇ ကျောင်း ခေတ္တပိတ်ထားကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်နှင့် ဆင်ဂေါင်းကျေးရွာပါ ၆ ရွာတို့၌ ရေအနက် ၁/၂ ပေခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၇ ကျောင်း ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်အတွင်း ရဲနွယ်ချောင်းရေမြင့်တက်မှုကြောင့် ဆင်တဲကျေးရွာ၌ ရေအနက် ၁/၂ ပေခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၁ ကျောင်း ခေတ္တပိတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.