နယူးဒေလီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ် တွင် အောက်တိုဘာ ၃၁ရက်က ထရန်စဖော်မာတစ်လုံး ပေါက်ကွဲခဲ့ရာ သေဆုံးသူဦးရေသည် နိုဝင်ဘာ ၁ ရက်တွင် လူ၁၄ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁ရက် တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် သည် ၎င်း၏ လာမည့် အာရှခရီးစဉ်အတွင်း အချိန်ကျပ်တည်းမှုကြောင့် မြောက်ကိုရီးယားနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား ပိုင်းခြားထားသော စစ်မဲ့ဇုန် (DMZ) သို့ သွားရောက်လည်ပတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံဝန်ကြီးချုပ် မတ်ဗီဒက်တို့သည် အောက်တိုဘာ ၃၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရန် နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဒါကာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေးတပ်ဖွဲ့(RAB) က လေယာဉ်တစ်စီးအား အပိုင်စီးရန် ကြိုးပမ်းကြံရွယ်မှုဖြင့် လေယာဉ်မှူးတစ်ဦးအပါအဝင် လူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
နယူးယောက် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အနီး လမ်းလျှောက်သွားလာနေကြသူများအား ထရပ်ကားတစ်စင်းက ဝင်ရောက်တိုက်ခဲ့ပြီးနောက်တွင် လူ ၈ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ဝန်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။