Connect with us

Environment, Disasters & Accidents

ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ခေတ္တပိတ်


ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ခေတ္တလမ်းပိတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

၂၀၁၈ သြဂုတ်လ (၂၉) ရက် နံနက် (၇) နာရီခန့်မှစ၍ ရန်ကုန်-မန္တလေးအမြန်လမ်း ၊ ရန်ကုန်-နေပြည်တော်လမ်း အပိုင်း မိုင်တိုင်အမှတ် (၁၆၅/၄) နှင့် (၁၆၆/ဝ) ကြား(၄) ဖါလုံခန့်တွင် ဆွာချောင်းရေလှောင်တမံ ဘက်မှစီးဆင်းလာသော ရေများကြောင့် လမ်းပေါ် ရေ (၂) ပေခန့်ရေကျော်မှုဖြစ်ပေါ်ပြီး ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင် RP 1 သည် တစ်ပေခွဲခန့်နိမ့်ကျသွားခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး ရေကျော်နေမှုအားတွေ့ရစဉ်(ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) တွင်လည်း အလားတူအချိန်ခန့်မှစပြီး ရေ (၂) ပေကျော်နေကြောင်း သိရသည်။

“ မနက်ထဲက လမ်းမှာပိတ်မိနေတာ၊ အမြန်လမ်းကတော့ ပိတ်ထားတယ်ပြောလို့ လမ်းဟောင်းဘက်က သွားလို့ရမရ စုံစမ်းနေတယ်၊ အမြန်လမ်းမှာ ကားတွေအကုန်ရပ်ထားရတယ်၊ ပြန်လှည့်တဲ့ကားတွေလဲပြန်လှည့်ကုန်တယ်”ဟု နေပြည်တော်သို့ သွားရန် အမြန်လမ်းသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

လက်ရှိအမြန်လမ်းရေကျော်နေသည့်အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျှက်ရှိသည့် မော်တော်ယာဉ်များအား 153 မိုင် လမ်းခွဲမှ ရန်ကုန်-မန္တလေး လမ်းဟောင်းသို့ လမ်းလွဲှပေးထားကြောင်း၊ မန္တလေးမှ ရန်ကုန်သို့အသွား လမ်းပိုင်းရှိ ဆွာချောင်းတံတားအနည်းငယ် ထိခိုက်ပျက်စီးလျှက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.