Connect with us

Environment, Disasters & Accidents

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျမှုဖြစ်ပွား


ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေပိုလွှဲ ပဲ့ကျမှုကြောင့် ရေထွက်မှုများလာပြီး မူလချောင်းရေပြည့်ရေလျှံကာ ယင်းပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ဆွာမြို့ အပါအဝင် ရေကြီးမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲပဲ့ကျပြီး ရေကြီးမှုဖြစ်ပေါ်နေစဉ်(မီးသတ်ဦးစီးဌာန)

လက်ရှိ တမံကြီးကျိုးကျပျက်စီးမှု မဖြစ်နိုင်ကြောင်းနှင့် ယခုဖြစ်ပေါ်မှုအပေါ် ကူညီကယ်ဆယ်ရေးများ စီမံဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၉နာရီ ၁၅ မိနစ်အချိန်တွင် ရေပိုလွှဲမှ ရေတစ်ပေခွဲကျော်ခန့် စီးထွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွာဆည် ဘဲနှုတ်သီးကျိုးမှုကြောင့် အမြန်လမ်းမကြီးဘေးရှိ တမံဆည်ရွာနှင့် လှည်းလမ်းကူးရွာ ၊ဆွာမြို့ပေါ်ရှိ အမှတ် ၂ရပ်ကွက်၊ အမှတ် ၃ရပ်ကွက် နှင့် တောင်ပိုင်းရပ်ကွက်တို့တွင် ရေ ၃ပေခန့် ဝင်ရောက်လျက်ရှိပါကြောင်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတားအား ပိတ်ထားပြီဖြစ်ပါကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.