Connect with us

Economy

၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် အား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်

၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ သြဂုတ်လ ၂၈ ရက် ညနေပိုင်း အချိန် တွင် China Eastern Airlines လေယာဉ် အမှတ်စဉ် MU 2031 ဖြင့် တရုတ် နိုင်ငံ ကူမင်း မြို့ မှ ရန်ကုန် မြို့ သို့ ပြန်လည် ရောက်ရှိလာသည့် ခရီးသည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ၌ အခမ်းအနား ဖြင့် ကြိုဆိုခဲ့ပြီး ဂုဏ်ပြုအမှတ်တရ ဆုများ ပေးအပ် ခဲ့သည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် အဖြစ် တရုတ် နိုင်ငံ ကူမင်း မြို့ မှ ရန်ကုန် မြို့ သို့ ပြန်လည် ရောက်ရှိလာသော ဒေါ်ခင်ဖူးသစ် က ကံထူးရှင် ခရီးသည် အဖြစ် ရွေးချယ် ခံခဲ့ရပြီး Yangon Aerodrome Company Limited (YACL) မှ ကံထူးရှင် အား ဂုဏ်ပြုဆုငွေ ကျပ် တစ်သန်း နှင့် ကျပ် တစ်သန်း တန်ဖိုးရှိသည့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပေးအပ် ခဲ့သည်။

၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် ဒေါ်ခင်ဖူးသစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေါ်ခင်ဖူးသစ် က ၎င်းအနေဖြင့် ယခု ကဲ့သို့ ကံထူးရှင် အဖြစ် ရွေးချယ် ခံခဲ့ရသည့် အတွက် လွန်စွာ အံ့သြဝမ်းမြောက် မိကြောင်း ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိ ချိန် မှသာ ကံထူးရှင် အဖြစ် ရွေးချယ် ခံရခြင်း ကို သိရှိခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၏ ဝန်ဆောင်မှု မှာ များစွာ တိုးတက်လာခဲ့ပြီး နိုင်ငံတကာ အဆင့်မီ လေဆိပ် တစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း ၊ ရှေ့ဆက်၍လည်း အလားတူ အစီအစဉ် များကို ဆက်လက်၍ ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

– ၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် ဒေါ်ခင်ဖူးသစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

Yangon Aerodrome Company Limited (YACL) ၏ Chief Operating Officer ဖြစ်သူ Mr. Jose Angeja က ၂၀၁၈ ခုနှစ် ၏ လေးသန်းမြောက် ခရီးသည် အား ကြိုဆိုခွင့် ရသည့် အတွက် ဝမ်းသာမိကြောင်း ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အား ကျွမ်းကျင်ဝန်ထမ်း နှင့် ခေတ်မီစက်ကိရိယာ များ ဖြင့် နိုင်ငံတကာ အဆင့်မီ လေဆိပ် တစ်ခု အဖြစ် ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ၊ China Eastern Airlines ကဲ့သို့သော မိတ်ဖက် လေကြောင်း လိုင်း များ နှင့် လက်တွဲ၍ အလားတူ အစီအစဉ် များမှ တစ်ဆင့် ခရီးသည် များအား အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

– ၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် ဒေါ်ခင်ဖူးသစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် ဒေါ်ခင်ဖူးသစ်(အလယ်) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ လေးသန်းမြောက် ခရီးသည် ဒေါ်ခင်ဖူးသစ် က မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

China Eastern Airlines ရန်ကုန် ရုံးခွဲ အထွေထွေ မန်နေဂျာ မစ္စတာ ချိန်ကျင့်ဆုံ (Mr.Chen Jinsong) က မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

China Eastern Airlines ရန်ကုန် ရုံးခွဲ အထွေထွေ မန်နေဂျာ မစ္စတာ ချိန်ကျင့်ဆုံ (Mr.Chen Jinsong) က လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ သို့ လာရောက် သည့် ခရီးသည် များ သိသာစွာ တိုးမြင့်လာ ခဲ့ကြောင်း ၊ ယခုနှစ် အောက်တိုဘာ လ တွင် ဆောင်ရွက်မည့် မြန်မာ နိုင်ငံ VISA မူဝါဒ ပြောင်းလဲမှုများ အရ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ သို့ လာရောက်သည့် ခရီးသည် များ ပိုမို တိုးမြှင့်လာနိုင်ကြောင်း ၊ ထို့ကြောင့် မိမိ တို့ လေကြောင်းလိုင်း အနေဖြင့် အောက်တိုဘာ ၂၄ ရက် မှ စတင်၍ အပတ်စဉ် ကူမင်း မှ မြန်မာ နိုင်ငံ သို့ ပျံသန်းသည့် ခရီးစဉ် ၃ ခု တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၊ China Eastern Airlines အနေဖြင့် မြန်မာ နိုင်ငံ သို့ လာရောက်သည့် ခရီးသည်များ အပေါ် ပိုမို အရည်အသွေး မြင့်မားသည့် ဝန်ဆောင်မှု များ ဆောင်ရွက်ပေးသွားပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် စီးပွားရေး ကူးလူးဆက်ဆံမှု တို့၏ ပေါင်းကူးတံတား တစ်ခု အဖြစ် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အနေဖြင့် ၂၀၁၇ ခုနှစ် တွင် ခရီးသည်ပေါင်း ၅.၉၂ သန်း ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ၏ ၅.၄၅ သန်း နှင့် နှိုင်းယှဉ်လျှင် ၈.၄၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ၊ အဆိုပါ ၅.၉၂ သန်း တွင် ၆၆ ရာခိုင်နှုန်း မှာ အပြည်ပြည်ဆိုင်ရာ ခရီးသည် များ ဖြစ်ကြပြီး ၃၄ ရာခိုင်နှုန်း မှာ ပြည်တွင်း ခရီးသည် များ ဖြစ်ကြကြောင်း ၊ လက်ရှိချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်း ၈ လိုင်း နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းအား ဝန်ဆောင်မှုပေးနေကြောင်း ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အနေဖြင့် နှစ်စဉ် ခရီးသည် သန်း ၂၀ အား ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်း၍ တည်ဆောက်ထား သည့် အရည်အသွေးပြည့်ဝသော လေဆိပ် တစ်ခု ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.