ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) Y-8 လေယာဉ်ပျက်ကျမှု အကြောင်းရင်းအား ဆက်လက်ဖော်ထုတ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
ဘန်ကောက်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့ ရှိ ယူနက်စကို (UNESCO) ရုံး အနီးတွင် ဒေသစံတော်ချိန် နေ့လည် ၁း၃၀နာရီ က ပင်ပေါင်ဗုံးဟုယူဆရသော ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး သန့်ရှင်းရေးအလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) မိုးသည်းထန်ရွာသွန်းမှုကြောင့် ပျက်စီးသွားသော ရန်ကုန်-အမ်း-စစ်တွေ ကားလမ်းကို သံပေါင်ဘေလီတံတားထိုးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကဘူးလ် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် အနောက်ဘက်ရှိ ဗလီ အဆောက်အဦ တစ်ခု ၌ ဇွန်လ ၁၅ ရက် ညပိုင်း က အသေခံ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး အာဖဂန်...