Connect with us

Asia

အင်ဒိုနီးရှား၌ အင်အားပြင်းငလျင်များကြောင့် သေဆုံးသူ ၅ဝဝ ကျော်ထိ ရှိလာ

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အပျက်အစီးပုံများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သော ငလျင်များကြောင့် သေဆုံးသူအရေအတွက်မှာ ၅ဝ၆ ဦးထိ မြင့်တက်သွားပြီ ဖြစ်ကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက သြဂုတ် ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် ဇူလိုင် ၂၉ ရက်တွင် ကျွန်း၌ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်အပြီး သြဂုတ် ၅ ရက်တွင် ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြီး နှင့် သြဂုတ် ၁၉ ရက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၅ အဆင့် နှင့် ပြင်းအား ၆.၉ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များ ထပ်မံလှုပ်ခတ်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် နေအိမ်စွန့်ခွာရသူပေါင်း ၄၃၁,၄၃၆ ဦး ရှိပြီး လူနေအိမ် နှင့် အဆောက်အအုံပေါင်း ၇၄,၃၆၁ လုံး ပျက်စီးသွားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ငလျင်စက်ဝိုင်း “ the Pacific Ring of Fire ” အတွင်းကျရောက်နေ၍ ငလျင်လှုပ်ခတ်မှု မကြာခဏ ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.