Connect with us

Videos

Myanmar CNICO ကုမ္ပဏီ ၏ ၁၀ နှစ်ပြည့် လူမှုရေး ဆိုင်ရာ တာဝန်ယူမှု (CSR) ထုတ်ပြန်ကြေညာ

ရန်ကုန် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ)

China Nonferrous Metal Mining (Group) Co., Ltd (CNMC) ၏ မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံသည့် Myanmar CNICO ကုမ္ပဏီ (၁၀) နှစ် ပြည့် လူမှုရေး ဆိုင်ရာ တာဝန်ယူမှု (CSR) ထုတ်ပြန်ကြေညာခြင်း အခမ်းအနား နှင့် လုပ်ငန်း စဉ်ဆက် ဖွံ့ဖြိုးရေး ဆိုင်ရာ ဖိုရမ် အား သြဂုတ်လ ၁၈ ရက် က ရန်ကုန်မြို့ ရှိ Sedona ဟိုတယ် တွင် ကျင်းပခဲ့သည်။

Myanmar CNICO ကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ ကော်ရန် (Guo Ran) က ကုမ္ပဏီ ဖွံ့ဖြိုးရေး သမိုင်း ကို ရှင်းလင်းတင်ပြ ပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၊ ကုမ္ပဏီများ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က မြန်မာ နိုင်ငံ ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေများ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပေးခဲ့သည်။ ထို့နောက်တွင် ခေါင်းစဉ် ဆွေးနွေးမှု ကို ပြုလုပ် ခဲ့ပြီး ကုမ္ပဏီ များ မှ လူမှုပတ်ဝန်းကျင် ဆိုင်ရာ တာဝန်ယူမှု ကဏ္ဍ တွင် ပိုမို အကျိုးရှိစွာ ဆောင်ရွက် နိုင်ရေး နှင့် ပတ်သက်၍ သဘောထား အမြင်များအား ဖလှယ် ခဲ့ကြသည်။

ဆွေးနွေးပွဲ အပြီး မီဒီယာများ နှင့် တွေ့ဆုံမေးမြန်းမှု ကဏ္ဍ တွင် Myanmar CNICO ကုမ္ပဏီ ၊ လူ့စွမ်းအား အရင်းအမြစ် ဌာန တာဝန်ရှိသူ ဒေါ်နေခြည်ထိုက် က CNICO ကုမ္ပဏီ အနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ များနှင့် တရုတ် ဘာသာစကား ကိုလည်း သင်ကြား ပို့ချပေး ခဲ့သောကြောင့် တရုတ်လုပ်ငန်း ကုမ္ပဏီများ က မြန်မာ နိုင်ငံ ပြည်သူလူထု အပေါ် ချစ်ကြည်ဆက်ဆံခြင်း အား ပိုမို သိရှိခဲ့စေကြောင်း ၊ လက်ရှိချိန်တွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပြီး လူနေမှု အဆင့်အတန်း ကိုလည်း မြှင့်တင်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကသာ ခရိုင် စီမံကိန်း ဒေသ ရှိ အခြေခံပညာ မူလတန်းကျောင်းခွဲ တွင် တာဝန် ထမ်းဆောင်ခဲ့သည့် ကျောင်းအုပ်ဆရာကြီး ဦးလှဟန် က တာဝန်ထမ်းဆောင်စဉ် အတွင်း Myanmar CNICO ကုမ္ပဏီ နှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ တာဝန်ယူမှု လုပ်ငန်းများစွာ ကို အတူတကွ ပါဝင်ဆောင်ရွက် ခဲ့ကြောင်း ၊ ကုမ္ပဏီအနေဖြင့် ပညာရေး နှင့် လူမှုရေး လုပ်ငန်းများစွာ ကို ပံ့ပိုးကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်တွင် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး ကူညီဆောင်ရွက်မှုများမှာလည်း များစွာ ထိရောက်ကြောင်း ၊ ပညာရေး မြှင့်တင်နိုင်ရန် အတွက် ကျောင်းများ လှူဒါန်းပေးပြီး ကျန်းမာရေး ကဏ္ဍ ကိုလည်း အလေးထား ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အတွက် ဒေသတွင်း ပြည်သူလူထု များ ဝမ်းမြောက် ခဲ့ရကြောင်း ၊ သာသနာရေး အဆောက်အဦ များကိုလည်း ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး ရှေ့ဆက် ကူညီဆောင်ရွက်မှုများလည်း ရေးဆွဲထားသည့် အတွက်များစွာ ဝမ်းမြောက်မိကြောင်း ပြောကြား ခဲ့သည်။

Myanmar CNICO ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ကော်ရန် (Guo Ran) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် ကုမ္ပဏီ အနေဖြင့် လုပ်ငန်း စတင် အကောင်အထည် မဖော်မီအချိန် မှ စတင်၍ပင် နိုင်ငံတကာ သတ်မှတ်ထားသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သတ်မှတ်ချက် များအား လိုက်နာ ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅၇ သန်း အသုံးပြုကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ် လိုအပ်ချက်အရ မြန်မာ နိုင်ငံ အတွင်း စတုရန်းမီတာ ၅ သန်း ရှိသော သဘာဝ သစ်တော ဆုံးရှုံးမှု မဖြစ်ပေါ်ရန် အတွက် အမေရိကန် ဒေါ်လာ ၃ သန်း အကုန်အကျခံ၍ ဖြည့်စွက် ဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ ကုမ္ပဏီ အနေဖြင့် ဒေသတွင်း ပြည်သူလူထု များအား မိသားစုဝင်များ အဖြစ် သဘောထားပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စီမံဆောင်ရွက် ပေးခဲ့ကြောင်း ၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု အား အစဉ်အမြဲ ဆောင်ရွက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး ကို ဦးတည်၍ ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် Myanmar CNICO ကုမ္ပဏီ ၏ ၁၀ နှစ်ပြည့် လူမှုရေး ဆိုင်ရာ တာဝန်ယူမှု (CSR) ထုတ်ပြန်ကြေညာခြင်း အခမ်းအနား တွင်စီးပွားရေး သံမှူး ရှဲ့ကော်ရှန် (Xie Guoxiang) က တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု က လက်ရှိချိန်တွင် ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား ပိုမို နက်ရှိုင်းစေခဲ့ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ အတွက် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အမြဲ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သည့် လုပ်ငန်း ကုမ္ပဏီ များက လူမှုပတ်ဝန်းကျင် ဆိုင်ရာ တာဝန်ယူမှု လုပ်ငန်း အား လွန်စွာ အလေးထားရမည်ဖြစ်ပြီး ဒေသတွင်း ရှိ ပြည်သူလူထု အား အကျိုးပြုစေရန် ဆောင်ရွက်ပေး ရမည် ဖြစ်ကြောင်း ၊ ချစ်ကြည်ဆက်ဆံရေး တည်ရှိသော တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့် အောင်မြင် စေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ လျိုယင် (Liu Ying) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် Myanmar CNICO ကုမ္ပဏီ ၏ CSR လုပ်ငန်းဆောင်ရွက်မှု နှင့် ပတ်သက်၍ ချီးမွမ်းဂုဏ်ပြုကြောင်း ၊ လုပ်ငန်း ကုမ္ပဏီ များအနေဖြင့် ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း CSR လုပ်ငန်းများကိုလည်း တက်ကြွစွာ ဆောင်ရွက်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

Myanmar CNICO ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ကော်ရန် က ကုမ္ပဏီ CSR လုပ်ငန်း ဆောင်ရွက်မှု နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ရာ တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် မြန်မာ နိုင်ငံ သည်များစွာ အရေးပါသည့် နိုင်ငံ ဖြစ်ကြောင်း ၊ Myanmar CNICO အနေဖြင့် ၁၀ နှစ် တာ ကာလ အတွင်း မြန်မာ နိုင်ငံ တွင် ဒေသခံ လူမှုအသိုင်းအဝိုင်းအပေါ် စောင့်ရှောက်ပေးခဲ့ပြီး ဒေသယဉ်ကျေးမှု နှင့် လိုက်လျောညီထွေစွာ နေထိုင်ကာ ဒေသတွင်းရှိ မျိုးဆက်သစ်များအား သင်တန်း ပို့ချမှုများပြုလုပ်ပေးကာ ထူးချွန်သည့် လူငယ်များအား တရုတ် နိုင်ငံ သို့ ပညာသွားရောက် သင်ယူစေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဒေသတွင်းရှိ မြန်မာ နိုင်ငံသား ၆၀ ကျော်သည် ကုမ္ပဏီ ကဏ္ဍအသီးသီးရှိ စီမံခန့်ခွဲ့မှု ပိုင်းဆိုင်ရာ တွင် ပါဝင် ဆောင်ရွက်နေကြောင်း ၊ ကုမ္ပဏီ အနေဖြင့် ပြည်သူလူထု နှင့် အတူတကွ မြန်မာ့ရိုးရာ ပွဲတော်များတွင် ဒေသအစဉ်အလာများနှင့်အညီ ပူးပေါင်းပါဝင်ဆင်နွှဲ သွားပြီး အနာဂတ် သို့ ဆက်လက် လက်တွဲချီတက်သွားလိုကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.