ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူနှင့် ကျရှုံးသူများ၏ ရမှတ်စာရင်းကို ယနေ့ ဇွန် ၁၉ ရက်နေ့မှ စတင်၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၃လမ်းရှိ MK Travels & Tour ကုမ္ပဏီလီမိတက်၏ (ပြည်တွင်း/ပြည်ပ) လေယာဉ်လက်မှတ်အရောင်းဌာန၌ ဇွန် ၁၈ ရက်နေ့ နေလည် တစ်နာရီခန့်က ငွေများလုယက်သွားသူအား ဖမ်းဆီးရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရသည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများနှင့် တွေ့ဆုံရာ၌ ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာများ ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရုရှားအလယ်ပိုင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအလယ်ပိုင်း တွင် မိမိတို့၏ ရင်သွေးငယ်များကို တွန်းလှည်းပုံစံမျိုးစုံဖြင့် ထည့်သွင်းလှည့်လည်သည့်ပြိုင်ပွဲ တစ်ခုကျင်းပခဲ့ကြသည်။ ထိုသို့ တွန်းလှည်းဖြင့်ကလေးငယ်များလမ်းလျှောက်ပွဲ ကို ၆ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး မိဘများက မိမိတို့၏ ရင်သွေးငယ်များကို ပုံစံအမျိုးမျိုးအလှဆင် တီထွင်ထားသည့် လှည်းများအတွင်းထည့်ကာ ပျော်ရွှင်စွာပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ပွဲစီစဉ်သူများက ထိုပွဲကို စိတ်ပါဝင်စားမှုများပြားစေရန်...
နေပြည်တော်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက် တွင် ကျရောက်သည့် (၇၂) နှစ် မြောက် မွေးနေ့အခမ်းအနားကို နေပြည်တော် လွှတ်တော် ဝင်းအတွင်းရှိ လွှတ်တော်ရေးရာ ကော်မတီ I-12 အဆောင် တွင် ယနေ့...