နယူးဒေလီ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ် ရှိ တူးမြောင်းတစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
တူးနစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ရေကြောင်းသွားလာမှု အစောင့်တပ်ဖွဲ့ သည် အီတလီကမ်းရိုးတန်းမှ ထွက်ခွာလာသော လူ ၁၄ဦး လိုက်ပါလာသည့် တရားမဝင်ရွှေ့ပြောင်းသွားလာသော လှေတစ်စင်းအား စက်တင်ဘာ ၂၄ ရက်တွင် ကြားဖြတ်တားဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာ၌ ဂိတ်ရင်းထားပြီး YBS ကားများပြေးဆွဲပေးရန် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် ၊စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။