Connect with us

Local

ယနေ့ဒေါ်လာဈေးနှုန်း အတက်အကျငြိမ်လာ၊ ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်အောင်ဆက်လက်ဆောင်ရွက်မည်

ဒေါ်လာနှင့် ကျပ်ငွေတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

သြဂုတ်လ ၁၆ရက်တွင် ဒေါ်လာဈေး အတက်ကြမ်းခဲ့ပြီး ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ခဲ့သော်လည်း ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ဒေါ်လာဈေး သည် တစ်ဒေါ်လာကို ၁၅၁၀ ကျပ် နှင့် ၁၅၁၈ ကျပ်ကြားတွင် သာ ဈေးနှုန်းအတက်အကျဖြစ်ခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “ဗဟိုဘဏ်အနေနဲ့ တစ်နေ့ ကိုဒေါ်လာ ၁သိန်းရောင်းရာကနေပြီးတော့ ၁၅ ရက်နေ့ မှာ တိုးမြှင့်ပြီးတော့ ဒေါ်လာ၁.၇ သန်း ရောင်းချပေးခဲ့ပြီးတော့ ၁၆ ရက်နေ့မှာတော့ ဒေါ်လာ ၄ သန်းရောင်းချပေးခဲ့တယ်။ ဘဏ်တွေရဲ့တင်ပြမှုပေါ်မူတည်ပြီး ဆက်ပြီးတော့ ဒေါ်လာရောင်းချပေးသွားဖို့ရှိ ပါတယ်။ ဗဟိုဘဏ်အနေနဲ့ကတော့ ဈေးကွက်ထဲမှာ ဈေးကစားမှုတွေ ပါလာရင် ဈေးကစားမှုတွေ မရှိအောင်လုပ်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ ဈေးကွက် ပြန်ငြိမ်တယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

AGD ဘဏ်၏ ငွေဈေးနှုန်း ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–AGD)

စီးပွားရေးပညာရှင်တစ်ဦးက “ပို့ကုန်၊ သွင်းကုန်ပေါ့ ဥပမာ ပို့ကုန်အတွက် ငွေဘယ်လောက်ရပြီး သွင်းကုန်အတွက် ငွေဘယ်လောက်သုံးလိုက်ရလဲဆိုတာပေါ်မူတည်ပြီးတော့ ကိုယ့်ရဲ့ငွေလဲလှယ်နှုန်းက အတက်အကျရှိမှာပေါ့နော်။ တစ်ဖက်မှာတော့ အစိုးရဌာနတွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ကိုယ့်နိုင်ငံထဲမှာ လုပ်ချင်လာအောင် မက်လုံးပေးပြီးတော့ ဆောင်ရွက်ရင်တော့ ကုန်သွယ်ရေးမှာ လိုငွေပြတဲ့ ဟာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဝင်နဲ့ အားမျှခြေဖြစ်တယ်ဆိုရင်တော့ ငွေလဲလှယ်နှုန်းက တည်ငြိမ်နေမှာပေါ့’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိ တွင် အစိုးရ အနေဖြင့် ပို့ကုန်ကဏ္ဍတိုးတက်လာအောင် နည်းမျိုးစုံနှင့် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်လာအောင်ကြိုးစား၍ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူကဆိုသည်။

သြဂုတ်လ ၁၇ ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ၁၄၉၈ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ပြင်ပ ဒေါ်လာဈေးကွက် နှင့် ဘဏ်တချို့ သြဂုတ်လ ၁၇ ရက် ညနေဘက်တွင် တစ်ဒေါ်လာကို ၁၅၁၇ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.