Connect with us

Politics, Law & Military

တောဆင်ရိုင်းများ ကာကွယ်ရေး လုပ်ငန်းအား တိုးမြှင့်ဆောင်ရွက်လျက်ရှိ

တောဆင်ရိုင်းထိန်းသိမ်းရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ရက်သတ္တတစ်ပတ်လျှင် တောဆင်ရိုင်း တစ်ကောင်နှုန်းသတ်ဖြတ်ခံနေရသည့် အခြေအနေများကြောင့် မြန်မာ့ သဘာ၀ တောများတွင် တောဆင်ရိုင်းများ ကျန်ရှိရေးအတွက် စီမံချက်များရေးဆွဲပြီး တော ဆင်ရိုင်းများ ကာကွယ်ရေး လုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှု၊ ဆင်စွယ်နဲ့ ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်း ရောင်းဝယ်နေနမှုတွေကိုဥပဒေအရ တားဆီးနှိမ်နင်းရေး၊ ဆင်သတ်မုဆိုး အဖွဲ့များအား ဖော်ထုတ် ဖမ်းဆီးရေးတို့ကို နိုင်ငံတော် အကြီးအကဲများရဲ့ လမ်းညွှန်ချက်များနှင့်အညီ သစ်တောဦးစီးဌာန၊ မြန်မာ့ သစ်လုပ်ငန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများက ပြည်တွင်း ပြည်ပ NGO များနဲ့အတူ ပူးပေါင်း၍ စီမံချက်များ ရေးဆွဲပြီး တိုးမြှင့် ဆောင်ရွက်နေပါတယ်” ဟု မင်းလှ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးသန်းအောင်စိုးနှင့် တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းတို့၏ ‘တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ကာကွယ်ရေး၊ တောဆင်ရိုင်းကြောင့် ဒေသခံ ပြည်သူတို့ အန္တရာယ် မရှိရေး’ ဆိုင်ရာ မေးခွန်းများကို ဖြေကြားရာတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

တောဆင်ရိုင်းများ သေဆုံးရခြင်းမှာ အချင်းချင်း တိုက်ခိုက်ခြင်း၊ ရောဂါကျရောက်ခြင်း တို့အပြင် အဓိက အကြောင်းရင်းမှာ သတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်ကြောင်း၊ ယခင်က ဆင်စွယ်အတွက် ဆင်ထီးများကို သတ်ဖြတ်ခဲ့ပြီး ယခုအခါ ဆင်စွယ်အပြင် အသား အရေ အရိုး စသည့် အစိတ် အပိုင်းများ တရားမဝင် ရောင်းဝယ်နိုင်ရန် အထီးရော အမများကိုပါ သတ်ဖြတ်လာကြောင်း၊ ဆင်နှင့် လူတို့ ပဋိပက္ခများကြောင့် လက်စားချေရာမှ သတ်ဖြတ်ခံရခြင်းလည်း ရှိကြောင်း၊ တောဆင်ရိုင်း များ သတ်ဖြတ်ခံရမှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ဇူလိုင်လအထိ ဆင်ကောင်ရေ စုစုပေါင်း ၁၂၃ ကောင် ၇ှိခဲ့ကြောင်း၊ ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် တောဆင်ရိုင်း ၂၀ ကောင်နှင့် ၁၈ ကောင် အသတ်ခံရရာမှ ၂၀၁၇ တွင် ၄၆ ကောင်အထိ မြင့်တက်လာကြောင်း၊ တောဆင်ရိုင်းများ သတ်ဖြတ်မှုကြောင့် ဖမ်းဆီး အရေးယူနိုင်ခဲ့သည့် တရားခံဦးရေမှာ ၂၀၁၀ မှ ၂၀၁၇ အထိ ၅၆ ဦး ၂၀၁၈ ဇန်နဝါရီမှ ဇူလိုင်လကုန် အထိ ၃၂ ဦး ရှိခဲ့ကြောင်း၊ ထိုသို့အရေးယူနိုင်ရန် သတင်းပေးသူများ၊ ဖော်ထုတ် ဖမ်းဆီးသူများအား ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းလည်း ၎င်းက ၇ှင်းလင်းပြောကြားခဲ့သည်။

“တောဆင်ရိုင်းကို လုံး၀ ကာကွယ်ထားတဲ့ စာရင်းမှာ ထည့်ထားပါတယ်၊ ၂၀၁၈ မေလ ၂၁ ရက်မှာ ပြဌာန်းခဲ့တဲ့ ဇီ၀ မျိုးစုံ မျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တောဆင်ရိုင်းများနဲ့ စပ်လျဉ်းပြီး ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကို ထောင်ဒဏ် သုံးနှစ်မှ ဆယ်နှစ်ထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သတ်မှတ်ထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သစ်တောဦးစီးဌာနသည် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများအသင်း၊ (FOW:_ Friend of Wildlife)၊ ကမ္ဘာ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့(WWF:_ World Wildlife Fund) တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့တွင် လူထု အခြေပြု တောဆင်ရိုင်း စောင့်ရှောက်ရေး လုပ်ငန်းများကို ဆက်စပ်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ဆုငွေချီးမြင့်သည့် အစီအစဉ်များလည်း ပါဝင်ကြောင်း၊ တောဆင်ရိုင်းများ သတ်ဖြတ်ခြင်း၊ ဆင်စွယ်နှင့် ဆင်အစိတ်အပိုင်းများ ရောင်းချခြင်း၊ အသုံးပြုခြင်း တို့ကို တားဆီးရေးအတွက် “မိုမို တို့အတွက် ရင်တွင်းစကားသံ (voices for MoMos) လှုပ်ရှားမှုဖြင့် ပညာပေး ဟောပြောခြင်း၊ သရုပ်ပြခြင်း၊ ပိုစတာနှင့် ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ လူထု လက်မှတ်များ စုဆောင်းခြင်း၊ ဗီဒီယိုပြသခြင်းနှင့် သင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်လျက်၇ှိကြောင်း ပြည် ထောင်စု ဝန်ကြီးက ၇ှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.