အမတ်ထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
မဲလ်ဘုန်း ၊ သြဂုတ်လ ၂၅ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံရှိ ရွှေရှာသူတစ်ဦးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ တန်ဖိုးရှိ ၊ အလေးချိန် ၁၄၅ အောင်စ ရှိသော ရွှေတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများအား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ၆၈၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း YSX မှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော ညောင်ဦးမြို့ရှိ ပုဂံစေတီပုထိုးများအား ယနေ့ ဝင်ရောက်ခွင့် ပိတ်လိုက်ပြီး လုံခြုံရေးအတွက် စစ်တပ်များ ချထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံ မှ သိရသည်။
မလေးရှား၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)မလေးရှားနိုင်ငံ အမျိုးသားတိရစ္ဆာန် ဥယျာဉ်တွင် သြဂုတ်လ ၂၃ ရက်နေ့က ပန်ဒါလေးရှန်းရှန်း နှင့် လျောင့်လျောင် တို့၏ ၁ဝ နှစ်ပြည့်မွေးနေ့ကို တိရစ္ဆာန် ဥယျာဉ်ဝန်ထမ်းများနှင့်တကွ ဧည့်သည်ရာပေါင်းများစွာတို့က ကျင်းပပေးခဲ့ကြသည်။ အဆိုပါ ပန်ဒါလေး ၂ကောင်ကို ၂ဝ၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက...