Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ ရေလျော့နည်းသွားသော်လည်း အိမ်ခြေ (၂၉၆) အိမ် ရေမြုပ်ခြင်းနှင့် ရေဝင်ရောက်မှုများရှိ

ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၌ ယနေ့တွင် ယွန်းစလင်းချောင်းရေလျော့နည်းသွားသော်လည်း အမှတ် (၂) ရပ်ကွက် မကာဟဲပိုင်းနှင့် ကျေးရွာ (၄) ရွာတို့တွင် အိမ်ခြေ (၄၇၈) အိမ်ရှိသည့်အနက် အိမ်ခြေ ၂၉၆ အိမ်တို့တွင် ရေမြုပ်ခြင်းနှင့် ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ချောင်းရေလျော့နည်းသွားသော်လည်း ဖာပွန်မြို့ အမှတ် (၂) ရပ်ကွက် မကာဟဲအပိုင်း၊ ဝှေနောင်၊ ကုလားကိုင်း၊ ရှမ်းကိုင်းနှင့် အနောက်ဘက်ကမ်းကျေးရွာတို့တွင် အိမ်ခြေ (၂၉၆) အိမ် ရေနစ်မြုပ်ခြင်းနှင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နှင့် တံခွန်တိုင်၊ ဝှေမှုန်၊ ဝှေဆန်၊ ကူးဆိပ်ကျေးရွာရှိ နေအိမ်များသို့ ရေများဝင်ရောက်မှုများ ရှိနေသေးကြောင်း သိရသည်။

အမှတ် (၂) ရပ်ကွက်တွင် အိမ်ခြေ (၂၂၇) အိမ်ရှိသည့်အနက် အိမ်ခြေ (၈) အိမ်နှင့် မကာဟဲအပိုင်းတွင် အိမ်ခြေ (၅၁)အိမ်သို့လည်းကောင်း၊ ဝှေနောင်ကျေးရွာတွင် အိမ်ခြေ(၄၀) ရှိသည့်အနက်(၂၇) အိမ် သို့ လည်းကောင်း၊ ရှမ်းကိုင်း ကျေးရွာတွင် အိမ်ခြေ(၅၅)ရှိ အိမ်ခြေအားလုံးသို့လည်းကောင်း၊ ကုလားကိုင်းကျေးရွာ အိမ်ခြေ(၇၇)အိမ်နှင့်အနောက်ဘက်ကမ်းကျေးရွာတွင် အိမ်ခြေ (၁၆၀)ရှိ အိမ်ခြေများအားလုံး ရေနစ်မြုပ်လျက်ရှိသည်။ ဖာပွန်မြို့နယ်အတွင်း၌ ရေဘေးရှောင်စခန်း (၁၀) ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ ရပ်ကွက်နှင့် ကျေးရွာများရှိ ရေဘေးရှောင် စုစုပေါင်း အိမ်ထောင်စု (၂၉၆) စု၊ လူဦးရေ (၁၅၇၈) ဦးတို့မှ သက်ဆိုင်ရာ ရေးဘေးရှောင်စခန်းအသီးသီးသို့ ပြောင်းရွှေ့ နေထိုင်လျှက်ရှိကြောင်းနှင့် ကျန်ရှိနေသည့်ကျေးရွာများရှိ အိမ်ထောင်စုများလည်း ဆွေမျိုးများ၏ နေအိမ်သို့ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံမှ သိရသည်။

ဇူလိုင် ၂၆ရက် ညနေ (၃) နာရီအချိန်က မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ယွန်းစလင်းချောင်းရေလျှံမှု ကြောင့် ဖာပွန်မြို့ပေါ် ရပ်ကွက်/ကျေးရွာများအားလုံးနီးပါး ရေမြုပ်ခြင်းနှင့် ကျွန်တော်တို့ အမှတ်(၂)ရပ်ကွက် မကာဟဲအပိုင်းရှိ အိမ်ခြေအားလုံး ရေမြုပ်ကုန်ပြီးဖြစ်ကြာင်း၊ ဦးအဒူ၏နေအိမ်မှာ ရေနှင့်အတူမျော ပါသွားတော့မည်ဖြစ်ကြောင်းနှင့် ဦးမာဆွတ်၏ နေအိမ်မှာ ကြမ်းပြင်အားလုံးမျောပါသွားပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင် ဖာပွန်မြို့၌ အဆိုးရွားဆုံးသော ရေကြီးမှုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.