Connect with us

Economy

တရုတ်နိုင်ငံက ပထမဆုံး သွင်းကုန် ကုန်စည်ပြပွဲအတွက် လာဘ်ကောင်ကို ထုတ်ဖော်ပြသ


ရှန်ဟိုင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ပြုလုပ်မည့် ပထမဆုံး တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (CIIE) အတွက် လာဘ်ကောင်အဖြစ် လည်စည်းပဝါစည်းထားသော ပန်ဒါ ကျင်းပေါင် (Jinbao) ပုံအား ပွဲဖြစ်မြောက်ရေးအဖွဲ့က ဇူလိုင်လ ၂၇ ရက်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံတွင် ပြုလုပ်မည့် CIIE ၏ အတိုကောက် ကျင်းပေါင်ဟု အသံထွက်ပြီး “CIIE ၏ ရတနာ” နှင့် “ကြွယ်ဝခြင်းကို ယူဆောင်ပေးခြင်း” ဟု အဓိပ္ပါယ်ရကြောင်း စီးပွားရေးဝန်ကြီးဌာန Wang Bingnan က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ပန်ဒါဆိုတာက တရုတ်နိုင်ငံရဲ့ နိုင်ငံ့ရတနာနဲ့ ဂုဏ်ဖြစ်ပါတယ်။ ဝဝကစ်ကစ်နဲ့ ချစ်စဖွယ်ကောင်းတဲ့ ပန်ဒါပုံလေးကို အားလုံးက ချစ်ခင်ကြမှာဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုအတွက် တရုတ်နိုင်ငံ၏ အထူးသံတမန်ဖြစ်လာမှာပါ။ ပြီးတော့ အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ဖြစ်စေပါတယ်” လို့ Wang က ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (CIIE) အတွက် လာဘ်ကောင် ကျင်းပေါင် နှင့် CIIE လိုဂိုအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (CIIE) အတွက် လာဘ်ကောင် ကျင်းပေါင် နှင့် CIIE လိုဂိုအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ လာဘ်ကောင်လေးသည် CIIE လိုဂိုရေးထိုးထားသော အပြာရောင်နှင့် အဝါရောင်စပ်ထားသည့် လည်စည်းပဝါပတ်ထားသည်။ ယင်းပဝါတွင် ပါဝင်သည့် အဝါရောင်မှာ ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်း အတွက် ကိုယ်စားပြုပြီး အပြာရောင်မှာမူ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးကို ကိုယ်စားပြုကြောင်း သိရသည်။ လာဘ်ကောင်လေး၏ လက်တွင် ကိုင်ဆောင်ထားသည့် အရွက်လေးရွက်ပါ သုံးပွင့်ဆိုင် ပဲရိုင်းပင်က ပြပွဲပြုလုပ်မည့် ရှန်ဟိုင်းရှိ National Exhibition and Convention Center အား ကိုယ်စားပြုထားခြင်း ဖြစ်သည်။ ယင်းအပင်သည် လူအများထံသို့ ကံကောင်းခြင်း ယူဆောင်ပေးမည်ဟု ယုံကြည်ထားကြသည်။

CIIE ၏ ဆောင်ပုဒ်မှာ “ခေတ်သစ်၊ မျှဝေမှုရှိသော အနာဂတ်သစ်” ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ CIIE ပွဲကို နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး ပွဲကျင်းပရန် ရက်ပေါင်း ၁၀၀ သာလိုတော့ကြောင်း တရုတ်နိုင်ငံက ဇူလိုင်လ ၂၇ ရက်တွင် ကြေညာခဲ့သည်။

CIIE ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်နှင့် ကုမ္ပဏီပေါင်း ၂,၈၀၀ ကျော် ပါဝင်ပြသမည်ဖြစ်သည်။ ယင်းပြပွဲသို့ ပြည်တွင်းနှင့် ပြည်ပ ဝယ်ယူသူ ၁၅၀,၀၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)