ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန် ထပ်မံနှိုးဆော်ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက ထရပ်ကားနှင့် ခရီးသွားဘတ်စ်ကား တိုက်မိခဲ့ရာ လူ အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း Urdu မီဒီယာက သတင်းဖော်ပြခဲ့သည်။
နေပြည်တော် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ် အပိုင်း(၂) အဖြစ် အချက် ၁၄ ချက်အား ယနေ့ ဇူလိုင် ၁၆ ရက်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး နောက်ဆုံးနေ့တွင်...
နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောထားကြေညာ ချက်အား ယနေ့ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ ဦးဆောင်သဘာပတိ ဖဒိုစောကွယ်ထူးဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ကဏ္ဍအလိုက်၊ အစုအဖွဲ့လိုက် ဆွေးနွေးပွဲများကို အဆင့်ဆင့် ကျင်းပပြုလုပ်ပြီး...
နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်နေမှုများသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ကြီး အတွက် အခြေခံအုတ်မြစ်များ စိုက်ထူနိုင်ရန်ဖြစ်ကြောင်း သဘောတူနိုင်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဆဌမနေ့ အခမ်းအနားတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားရာ ၌...