Connect with us

Local

ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန် ထပ်မံနှိုးဆော်ချက်ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (DICA)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန် ထပ်မံနှိုးဆော်ချက်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခင်ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ပါ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအား ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများသည် သတ်မှတ်ပုံစံဖြင့် ကော်မရှင်သို့ မပျက်မကွက် အကြောင်းကြားရန် ၂၀၁၇ ခုနှစ် မေလ ၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ website ဖြစ်သည့် www.dica.gov.mm နှင့် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အချို့လုပ်ငန်းများအနေဖြင့် ထိုသို့အကြောင်းကြားရန် ပျက်ကွက်လျက်ရှိသည် ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ပါ၍ ယခင်ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ ပါ ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများအား ဆောင်ရွက်နေသော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ကန့်သတ်သည့်လုပ်ငန်းများ ဆောင်ရွက် နေကြောင်းကို ကော်မရှင်၏ သတ်မှတ်ပုံစံ (၉) ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီရုံးများသို့ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ မတိုင်မီ မပျက်မကွက်အကြောင်း ကြားရန် ထပ်မံသတိပေးနှိုးဆော်အပ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.