Connect with us

Videos

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ တတိယအစည်းအဝေး၏ သဘောထားကြေညာချက် ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောထားကြေညာ ချက်အား ယနေ့ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ ဦးဆောင်သဘာပတိ ဖဒိုစောကွယ်ထူးဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ကဏ္ဍအလိုက်၊ အစုအဖွဲ့လိုက် ဆွေးနွေးပွဲများကို အဆင့်ဆင့် ကျင်းပပြုလုပ်ပြီး ရရှိလာသော အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ် အပိုင်း (၂) အဖြစ် အချက် ၁၄ ချက်အား သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အတူ ၂၀၁၈ခုနှစ် အတွင်း နောက်ထပ်တစ်ကြိမ်၊ ၂၀၁၉ခုနှစ်တွင်း နှစ်ကြိမ် ကျင်းပနိုင်ရေးနှင့် ဆက်လက်ကျင်းပမည့် ညီလာခံ တစ်ကြိမ်စီချင်းဆီသို့ ဦးတည်သော အစည်းအဝေးများကို အောင်မြင်စွာကျင်းပကာ ညီလာခံ (၃)ကြိမ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ချမှတ်နိုင်ရေး၊ဆက်လက်ကျင်းပမည့် ညီလာခံများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို အုတ်မြစ်အဖြစ်ချနိုင်ရေးကို အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများကို လိုအပ်သလိုကျင်းပသွား နိုင်ရေးများကို ညီလာခံကိုယ်စားလှယ်များက သန္နိဌာန်ချမှတ်ခဲ့ကြောင်း ပါဝင်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ် တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများနှင့် အာမခံချက်များစွာရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့် အညီတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံ ကိုယ်စားလှယ်များက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.