မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။
နေပြည်တော် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song...
ဆူဝ ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးကယ်လီဒိုးနီးယားကျွန်းနိုင်ငံ၌ သြဂုတ်လ ၁၂ ရက်က ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုပထဝီဝင်ဌာနလေ့လာတိုင်းတာရေး(USGS) ဌာနက ဆိုသည်။
ဘန်ကောက် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဟွာဟင်း နှင့် ဆူရက်ဌာနီ တို့၌ သြဂုတ်လ ၁၁ ရက် ညပိုင်း နှင့် ၁၂ ရက်နံနက်ပိုင်းများ တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အမြောက်အမြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အား ၃ဝ ကီလို ဝပ်ထက် ကျော်လွန်သုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန် ကြေညာလိုက်သည်။