Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံ တောင်ပိုင်း တွင် လက်နက်ကိုင် အဖွဲ့ဝင် ၁၂ ဦး အား ပစ်ခတ်ရှင်းလင်း

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ တပ်ဖွဲ့ဝင် တစ်ဦး က လက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုက်ပွဲဝင် နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က လတ်တလော ရက်ပိုင်း အတွင်း နိုင်ငံ တောင်ပိုင်း Mindanao ကျွန်း ၌ စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ တွင် Bangsamoro Islamic Freedom Fighters (BIFF) လက်နက်ကိုင် အဖွဲ့ဝင် ၁၂ ဦး အား ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက် တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ပြောကြားချက်အရ ဇူလိုင်လ ၈ ရက် တွင် နှစ်ဖက် အနေဖြင့် တိုက်ခိုက်မှု စတင်ဖြစ်ပွား ခဲ့ပြီး Mindanao ကျွန်း ရှိ ဒေသ နှစ်ခု တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ပွဲ တစ်ခု တွင် BIFF အဖွဲ့ဝင် ၈ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ကျန် တစ်ခု တွင် ၄ ဦး ရှင်းလင်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ သို့သော် ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ သေဆုံးဒဏ်ရာရရှိမှု အခြေအနေ နှင့် ပတ်သက်၍ ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ အမှတ်(၆) တပ်ဖွဲ့ အရာရှိ တစ်ဦး က အစိုးရ တပ်ဖွဲ့အနေဖြင့် လတ်တလော ရက်ပိုင်း တွင် BIFF လက်နက်ကိုင် အဖွဲ့အစည်း အား အဆက်မပြတ် စစ်ရေး တိုက်ခိုက်မှုများ ဆောင်ရွက် ခဲံပြီး ယခုနှစ် ဇွန်လ မှ စတင်၍ ယင်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ပေါင်း ၅၇ ဦး ကို ရှင်းလင်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

BIFF လက်နက်ကိုင် အဖွဲ့အစည်း က ၂၀၀၈ ခုနှစ် တွင် ဖိလစ်ပိုင် နိုင်ငံ အဓိက အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ Moro Islamic Liberation Front (MILF) မှ ခွဲထွက်ခဲ့သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး MILF က ၂၀၁၄ ခုနှစ် မတ်လ တွင် ဖိလစ်ပိုင် နိုင်ငံ အစိုးရ နှင့် ဘက်စုံငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့သော်လည်း BIFF အနေဖြင့် အစိုးရ နှင့် ဆွေးနွေးမှု ဆောင်ရွက်ရန် ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.