Connect with us

Asia

ပါကစ္စတန်နိုင်ငံ နိုင်ငံရေး စုဝေးပွဲ တစ်ခုတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၁၃ ဦး သေဆုံး


အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Peshawarမြို့တွင် ဇူလိုင် ၁၀ရက် ညပိုင်းက ပါကစ္စတန်ပြည်သူ့အမျိုးသားပါတီ (ANP) ကျင်းပနေသည့် နိုင်ငံရေး စုဝေးပွဲ တစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ၎င်းပါတီခေါင်းဆောင် Haroon Bilour အပါအဝင် လူ ၁၃ ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပါကစ္စတန် မီဒီယာများ၏ ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် သတင်းများအရ သိရှိရသည်။

အဆိုပါ နိုင်ငံရေးစုဝေးပွဲသည် ANP ပါတီ၏မဲဆွယ်စည်းရုံးပွဲဖြစ်ကြောင်း ၊ အသေခံဗုံးခွဲတိုက်သူက တိတ်တဆိတ် Haroon Bilour သို့ ချဉ်းကပ်ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က မီဒီယာများကို ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး ၄၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံ ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေးသမားများက အခင်းဖြစ်သော နေရာကို အရေးပေါ်သွားရောက်ခဲ့ကြောင်း ၊ တိုက်ခိုက်သူမှာ အနည်းဆုံး ၈ ကီလိုဂရမ်အလေးချိန်ရှိသော ဖောက်ခွဲရေး ပစ္စည်းများသုံးပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး စုံးစမ်းစစ်ဆေးချက်များအရ သိရသည်။

လက်ရှိ ထိုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.