ကဘူးလ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ပဋိပက္ခများ ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံ တစ်လျှောက် လွန်ခဲ့သည့် ၂၄ နာရီအတွင်း အာဖဂန် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် စစ်သွေးကြွ ၇၁ဦးအထိ သုတ်သင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အယ်လ်ဂျီးယားစ်၊ မေ ၂၂ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယားစ်မြို့ အနောက်ဘက် တီပါဇာပြည်နယ် တွင် မေ ၂၁ ရက် သန်းခေါင်ယံအချိန်က စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စစ်သား ၅ဦးစလုံးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းစာက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ချစ်ကြည်ရေး ခရီးစဉ် သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မေလ ၂၁ ရက်...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများတွင် မေ ၂၅ ရက်မှစတင်၍ စီးတီးဘတ်စ်များဖြင့်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး ယခုလအတွင်း ရောက်ရှိလာသော Foton (ဖိုတွန်) ယာဉ်များဖြင့် မြို့တွင်း (၅၆) ယာဉ်လိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ...