Connect with us

Videos

တရုတ်နိုင်ငံ ၏ ခရီးအရှည်ဆုံး အမြန်ရထားပြေးဆွဲသည့်ဝန်ဆောင်မှုစတင်

ရှန်းယန်၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းကိုပထမဆုံး ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီးနိုင်ငံ၏ ခရီးအရှည်ဆုံး အမြန်ရထားပြေးဆွဲသည့် ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အမြန်ရထားမှာ ရှန်းယန်မြို့နှင့် ချန်ဒူးမြို့တို့ကို ပြေးဆွဲပို့ဆောင်မည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက်ပြည်နယ်ပေါင်းများစွာကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ခရီးစဉ်တစ်လျှောက်မိုင်ပေါင်း ၂၅၅၆ ကီလိုမီတာရှည်လျားပြီး တရုတ်ပြည်တွင်း ပြေးဆွဲသည့်ရထားလမ်းများတွင် မိုင်နှုန်းအရှည်လျားဆုံးလည်းဖြစ်သည်။ ထို အမြန်ရထားဖြင့် စီးနင်းသွားလာမည်ဆိုပါက ကြာမြင့်ချိန်ကို ပုံမှန်ထက် ထက်ဝက်အထိ လျှော့ချနိုင်သည်။ တရုတ်နိုင်ငံ ၏ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်မှာ ယခုဆိုလျင် ကီလိုမီတာ ၂၅ဝဝဝ ရှိပြီဖြစ်ပြီး ၎င်းမှာ ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ဖြစ်လာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.