Connect with us

Environment, Disasters & Accidents

ကပ္ပလီပင်လယ် မြန်မာ့ရေပိုင်နက်အတွင်း အင်အား ၅.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ( ၁၅၆ ) မိုင် ခန့်ကွာဝေးသော ကပ္ပလီပင်လယ် (မြန်မာ့ရေပိုင်နက်အတွင်း) မြောက်လတ္တီတွဒ် ၁၄.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၈ ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း၊ ယခုငလျင်သည် မြန်မာ့ပင်လယ်ပြင်တွင် သည်ရက်ပိုင်း အတွင်း ၃ကြိမ်မြောက်လှုပ်ရှားခြင်းဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှုး ဦးလှစောက ဆင်ဟွာ ကိုယနေ့ ပြောသည်။

ယခုငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၀၄)မိနစ်၊ (၅၃)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခြင်းဖြစ်သည်။

ဦးလှစောက “အင်အားရစ်(ခ်)တာစကေး (၅.၁) ဆိုတော့ အင်အားအနည်းငယ်ပေါ့။ မြန်မာ့ပင်လယ်ပြင်ထဲလှုပ်တာ ဒီတစ်ကြိမ်နဲ့ ဆို ၃ ကြိမ်ရှိပြီ။ဒါပေမယ့် ဆူနာမီစိုးရိမ်စရာ တော့ မရှိ သေးပါဘူး။ ဆူနာမီ ရှေ့ပြေးဆိုရင် တစ်ရက် တည်းနဲ့ ငလျင်က အကြိမ်ကြိမ် လှုပ်တာဆိုတာ အခုအခြေအနေက စိုးရိမ်စရာ မရှိဘူး စောင့်ကြည့်အဆင့်ပဲ ရှိပါသေးတယ်’’ ဟု ဆင်ဟွာကို ပြောသည်။

ယခုမြန်မာ့ပင်လယ်တွင် လှုပ်ရှားသည့် ငလျင်များသည် မြန်မာ့ပယ်လယ်ပိုင်နက်အတွင်းဖြစ်သော်လည်း တစ်နေရာတည်းတွင် လှုပ်ရှားခြင်းမျိုးမဟုတ်ပဲ နေရာကွဲ၍ လှုပ်ရှားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.