ပေကျင်း၊ စက်တင်ဘာ ၂၅ရက် (ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့တောင်ပိုင်းတွင် လေဆိပ်အသစ်ကြီးတစ်ခုကို ဆောက်လုပ်လျက်ရှိပြီး အဆိုပါလေဆိပ်ကြီးပြီးဆုံးသွားပါက ၎င်းသည် ကမ္ဘာ့အကြီးဆုံး လေဆိပ်ကြီးဖြစ်လာမည်ဖြစ်သည့်အပြင် တပြိုင်နက်မှာပင် လေဆိပ်အောက်ခြေ၌ မြန်နှုန်းမြင့်ရထားများကိုပါ ပြေးဆွဲသွားနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မြေအောက် ရထားများပါ အသုံးပြုနိုင်မည့် Daxing လေဆိပ်၏ အဓိက ဝင်ပေါက်မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ (Xinhua)
ကွေ့ရန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသတစ်ခုဖြစ်သည့် ကွေ့ကျိုးပြည်နယ် တွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စက်တင်ဘာ ၂၅ရက်တွင် စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ရှန်းကျန့်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှန်းကျန့်တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပထမဆုံးတရုတ်အမျိုးသားမျိုးဗီဇဘဏ်ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဘဏ်တွင် မျိုးဗီဇဆိုင်ရာအရင်းအမြစ်များ ကို ထိန်းသိမ်းပေးခြင်း၊ သုတေသနလုပ်ခြင်း နှင့် ပြန်လည်အသုံးပြုခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ထိုဘဏ်တွင် အအေးခန်းပေါင်းများစွာကိုလည်းထည့်သွင်းထားပြီး တရုတ် ပြည်တွင်း၌ပင် ထုတ်လုပ်ထားသည့် မျိုးဗီဇများအားစီစဉ်ပေးနိုင်သည့်စက်ကိရိယာများဖြင့် မျိုးဗီဇနမူနာများကို...
ဟာဗာနာ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာမြို့သို့ စက်တင်ဘာ ၂၄ရက်က တရားဝင်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့(စက်တင်ဘာ ၂၅...